ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းနှင့် လှိုင်နယ်မြေအတွင်းရှိ သိပ္ပံပစ္စည်းအလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းနှင့် လှိုင်နယ်မြေအတွင်းရှိ သိပ္ပံပစ္စည်းအလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 03, 2026
ရန်ကုန် မေ ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ကျောင်းဝင်းအတွင်း အပန်းဖြေရိပ်သာ(Recreation Centre ) တည်ဆောက်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဘွဲ့နှင်းသဘင်တည်ဆောက်ရန်လျာထားသည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာအောင်နှင့် အင်ဂျင်နီယာမှူးများက အဆောက်အအုံ ဆောက်လုပ်မည့်အခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံနှင့် ကန်တင်းတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တက္ကသိုလ်များ လှိုင်နယ်မြေအတွင်းရှိ သိပ္ပံပစ္စည်းအလုပ်ရုံဌာနသို့ရောက်ရှိရာ သိပ္ပံပစ္စည်းအလုပ်ရုံ ဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်စွာမင်းနှင့် စက်ရုံမှူးတို့က အလုပ်ရုံဌာနနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်ကြားရေးအတွက် ထုတ်လုပ်ထားသော funnel ပြခန်း၊ ကျောင်းများတွင် အသုံးပြုနိုင်ရန် သင်ထောက်ကူပစ္စည်းများ ထုတ်လုပ်သည့် အလုပ်ရုံအခန်းများဖြစ်သည့် Electronics section ၊ Oxygen generator (လုပ်ငန်းသုံး)၊ Wood Finish Section၊ Optical Section၊ Glass Blowing Section၊ Foundry Section၊ Plastics Section၊ Moulds and Dies Section၊ Machine Shop Section တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Ministry of Information / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
