ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားပြတိုက်(နေပြည်တော်)အား ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအားလက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားပြတိုက်(နေပြည်တော်)အား ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအားလက်ခံတွေ့ဆုံ
Ministry of Hotel & Tourism/ နေပြည်တော် / May 08, 2026
နေပြည်တော် မေ ၇
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသား ပြတိုက်(နေပြည်တော်)သို့လာရောက်၍ အမျိုးသားပြတိုက်(နေပြည်တော်)၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ အမျိုးသားပြတိုက် တာဝန်ခံက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပြတိုက် ခန်းမများ၊ ပြသပစ္စည်းများ ပြင်ဆင်မှုကို အရှိန်မြှင့်တင်ကာ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်ရန်၊ သီဟာသနပလ္လင်ပြခန်းကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်သွားရန်၊ လာရောက် ကြည့်ရှုသူဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် အမျိုးသားပြတိုက်(နေပြည်တော်)ကို အများပြည်သူ ပိုမိုသိရှိလာကြစေရန် ပြခန်းတစ်ခုချင်းစီအလိုက် ပြသပစ္စည်းများကို မီဒီယာ များမှတစ်ဆင့် တင်ဆက်ပြသနိုင်ရေး ဆောင်ရွက်သွားရန်၊ ကျောင်းသား လူငယ်များမှအစ မြန်မာပြည်သူလူထုအနေဖြင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သိရှိကြစေ ရန်အတွက် ပရိုင်းမိတ်များ မြန်မာ့မြေပေါ်တွင်စတင်ဖြစ်ပေါ်လာသည်မှစ၍ခေတ်အဆက်ဆက် ယဉ်ကျေးမှုများ တိုးတက်ထွန်းကားလာကြောင်းကို ပညာပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ရှင်သန်ထက်မြက်လာကြစေရေး ဆောင်ရွက်သွားရန်နှင့် အမျိုးသားပြတိုက် (နေပြည်တော်) ကို နေပြည်တော်ကောင်စီနယ်မြေ၏ ခရီးသွားများ လေ့လာလည်ပတ်စရာ နေရာတစ်ခု အဖြစ် ဆောင်ရွက်သွားရန် တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၎င်းစုဆောင်းထားရှိသည့် ဧရာဝတီ ကျောက်လွှာထုမှ တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းအား အမျိုးသားပြတိုက်တွင် ပြသ နိုင်ရေး လှူဒါန်းရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ပြတိုက်တာဝန်ခံတို့မှ လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြတိုက်တွင် ဖွင့်လှစ်ပြသထားသည့် ပြခန်းများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံပိုင်း ဆိုင်ရာများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုများကို စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး H.E. Mr. Tariq Karim အား နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် ၃၃ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မြန်မာနိုင်ငံမှ ပုဂံမြို့နှင့် ပါကစ္စတန်နိုင်ငံမှ တက္ကသီလာမြို့ (Taxila) တို့အား ညီအစ်မမြို့တော် (Sister City) အဖြစ် ထူထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ဘာသာရေးအခြေခံ ခရီးသွားလုပ်ငန်းများနှင့် ဘာသာရေးဆိုင်ရာ ခရီးစဉ် များ အပြန်အလှန် စီစဉ်ဆောင်ရွက်နိုင်ရေး၊ ခရီးသွားလုပ်ငန်းအပြင် အထည်အလိပ် လုပ်ငန်းများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ၊ နှစ်နိုင်ငံ ခရီးသွားပြည်သူများ အပြန်အလှန် သွားလာလည်ပတ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံရှိ ခရီးသွားဆွဲဆောင်ရာ နေရာများကို မီဒီယာများမှတစ်ဆင့် မြှင့်တင်ကြော်ငြာပေးသွားနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Revenue Appellate Tribunal / Posted on May 07, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
Union Civil Service Board / Posted on May 07, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)