ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သုတေသနစခန်းအမှတ် (၅) မိုးဆွေ၊ သစ်တောစိုက်ခင်းများနှင့် ငလိုက်စခန်းသာ ဆင်စခန်းအား ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 22, 2026
image_latest


နေပြည်တော် မေ ၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရသီရိမြို့နယ် သုတေသနစခန်း အမှတ် (၅) မိုးဆွေသို့ရောက်ရှိရာ သစ်တောသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သုတေသနစခန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ပြီး လုပ်ငန်းအတွက် အထောက်အကူပြုစေရေး၊ အကျိုးဖြစ်ထွန်းစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲများအတွက် ပျိုးပင်များ အဆင်သင့်ဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြားသည်။

ထို့နောက် နေပြည်တော်-တောင်တွင်းကြီး လမ်းဘေးရှိ ပိတောက်ကိုင်းချိုင်ခြင်း စမ်းသပ်ကွက် ၁၀ ဧကနှင့် ကျွန်းအနက်စင်း စမ်းသပ်ကွက် ခြောက်ဧက၊ နေပြည်တော်-မန္တလေး အမြန်လမ်းဘေးရှိ ဝါးမျိုးစုံစိုက်ခင်း ၁၅ ဧကနှင့် အမြန်လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မစိုက်ခင်း ငါးဧကအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပိတောက်ကိုင်းချိုင်ခြင်း စမ်းသပ်ကွက်မှရရှိလာသည့် အပင်ကြီးထွားနှုန်း၊ အရည်အသွေးကွာခြားမှု နှုန်းများကို သိပ္ပံနည်းကျ တိုင်းတာမှတ်တမ်းထားရှိနိုင်ရန်နှင့် ကျွန်းအနက်စင်း စမ်းသပ်ကွက်မှကောင်းမွန်ပြီး ရောဂါကင်းစင်သောအပင်များကို မှတ်တမ်းထားပြီး မျိုးစေ့ထုတ်လုပ်နိုင်ရန်အတွက် မိခင်ပင် (plus tree) အဖြစ် သတ်မှတ်ထိန်းသိမ်းရန်၊ ဝါးကို စနစ်တကျစိုက်ပျိုးပြုစု ထိန်းသိမ်းရန်နှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလိုက်စခန်းသာဆင်စခန်းသို့ရောက်ရှိရာ ဆင်စခန်းတာဝန်ခံက ဆင်စခန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေ၍ ဆင်စခန်းအား ပိုမိုသာယာလှပအောင် ဆောင်ရွက်သွားရန်နှင့် ဆင်များဖြင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သည့်အတွက် အန္တရာယ်မဖြစ်စေရေး ဆောင်ရွက်သွားရန်မှာကြားကာ ဆင်စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ် 

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

Ministry of Ethnic Affairs / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

Ministry of Ethnic Affairs / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

Video