ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 12, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံတည် ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းခွင် ယာယီရှင်းလင်းဆောင်၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီမိုကရေစီပထမအစိုးရသက်တမ်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဂီတ၊ သဘင်များ ဖျော်ဖြေတင်ဆက်နိုင်မည့်ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အနုပညာဗဟိုဌာနများကို နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနများအဖြစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု နောက်ခံသမိုင်းကြောင်းအခြေအနေများ၊ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် အဆိုပါနိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ရန် ရပ်တန့်ခဲ့ရမှုအခြေအနေများ၊ အဆိုပါရပ်တန့်ခဲ့ရသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အဆောက်အဦဒီဇိုင်းများအား မြန်မာ့ယဉ်ကျေးမှုကိုဖော်ညွှန်းပြသနိုင်သည့် ဒီဇိုင်းများဖြင့် ပုံဖော်တည်ဆောက်သွားမည့် အခြေအနေများနှင့် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားရန်လိုကြောင်း၊ ထိုသို့တည်ဆောက်ရာတွင်လည်း နိုင်ငံတကာအဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျ တွက်ချက်ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များ တင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင် တည်ဆောက်သွားရန်လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအား ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ခြင်းသည် မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ရည်ရွယ်၍ နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်) တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများအနေဖြင့် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်မှုရပ်တန့်ခဲ့ရသည်ဖြင့် အနုပညာရှင်များ၏ မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များဖော်ထုတ်ခွင့် ၁၀ နှစ်ခန့်နောက်ကျခဲ့ရကြောင်း၊ ယခုအခါ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများကို အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော်၍ မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on December 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023