ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး (၅) လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်


Ministry of Information/ Naypyitaw / May 16, 2026
image_latest


နေပြည်တော် မေ ၁၆

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယုဇနလမ်း စသည့်လမ်း (၅) လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သိင်္ဂီလမ်း၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦးနှင့် ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် နေရာသို့ရောက်ရှိကြရာ တိုင်းရင်းသားရိုးရာအကအလှအဖွဲ့များနှင့် ဒေသခံပြည်သူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လမ်းအဆင့်မြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိက လမ်းမကြီး (၅) လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး (၅) လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် သိင်္ဂီလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး (၅) လမ်းအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြင်ဦးလွင်မြို့သည် အေးချမ်းသာယာသည့် တောင်ပေါ်မြို့ဖြစ်သည့်အပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်သည့် ခရီးသွားမြို့တော်ဖြစ်သည့်အတွက် နိုင်ငံတကာအဆင့်မီသော မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်နှင့်အညီ ပြင်ဦးလွင်မြို့အား အဆင့်မြှင့်တင်ခြင်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆင့်မြှင့်တင်ဖွင့်လှစ်လိုက်သည့် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး (၈) နှင့် (၁၀) ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယုဇနလမ်းတို့သည် ပဒေသာမြို့သစ် စတင်အကောင်အထည်ဖော်စဉ်ကတည်းကပင်တည်ရှိခဲ့ခြင်းဖြစ်ပြီး မူလလမ်းအကျယ် (၂) လမ်းသွားဖြစ်သော်လည်း ကား (၂) စီး တိမ်းရှောင်ရန်လုံလောက်သည့် အခြေအနေတွင်မရှိသောကြောင့် လမ်း (၅) လမ်း၏ စုစုပေါင်းအရှည် (၃၂၈၁၃) ပေအား အကျယ် (၂၄) ပေအထိ လမ်းအဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ရွာများ အမြန်ခေတ်မီဖွံ့ဖြိုးတိုးတက်ရမည်ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြို့တွင်းလမ်းများအား အဆင့်မြှင်တင်ခြင်းလုပ်ငန်းများကို မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နိုင်လွန်ကတ္တရာလမ်းပေါင်း (၁၆) လမ်း၊ မိုင်အရှည်အားဖြင့် ၁၂ မိုင် ၄ ဖာလုံကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြင်ဦးလွင်မြို့အား နိုင်ငံတကာအဆင့်မီသော မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဘက်စုံတိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည့်အပေါ် ပြင်ဦးလွင်မြို့ဒေသခံပြည်သူများအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video