ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) တတိယနေ့တွင် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ MSME လုပ်ငန်းရှင်များနှင့် ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာ


Ministry of Information/ Naypyitaw / February 11, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရင်ပြင်၌ ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသည်။

“ပြပွဲကို သူငယ်ချင်းတွေနဲ့အတူ ဒုတိယအကြိမ် လာရောက်တာပါ။ ပြပွဲမှာရောင်းချတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းက အပြင်ကထက်ပိုပြီး သက်သာပါတယ်၊၊ ဒါကြောင့် ကိုယ်နှစ်သက်တဲ့ ရိုးရာအစားအစာ တွေ ဝယ်ဖြစ်ပါတယ်။ ဒေသအစုံက လာရောက်ပြသတဲ့ထုတ်ကုန်တွေကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာခွင့်ရတယ်။ ဒီမှာလေ့လာပြီး သတိထားမိတာက မြန်မာ့ထုတ်ကုန်တွေက အရင်လို သမားရိုးကျ မဟုတ်တော့ဘူး။ ဝယ်ယူသူကို ဝယ်ချင်အောင် အရည်အသွေးပိုင်း၊ ထုပ်ပိုးမှုအပိုင်း အားလုံးကို အဆင့်မြှင့်တင်လာကြတာကို တွေ့ရပါတယ်”ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ မအေးမြတ်သွယ်က ပြောသည်။

MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများကို ပြခန်းအလိုက် အမျိုးအစားစုံလင်စွာ ခင်းကျင်း ပြသရောင်းချလျက်ရှိသည့် အတွက် ပြပွဲတတိယနေ့တွင် အနယ်နယ်အရပ်ရပ်မှပြပွဲလာ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ပြခန်းပေါင်း ၁၂၀ ကျော်

MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသလျက်ရှိသည့် ပြခန်းပေါင်း ၁၂၀ ကျော်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ ပါဝင်သည့်အပြင် ပြည်တွင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ MSME ထုတ်ကုန်များအတွက် နည်းပညာ အထောက်အကူပြု ပြခန်းများလည်း ပါဝင်သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာရက်ကန်းတွေရဲ့ အရည်အသွေးမြှင့်တင်နိုင်ဖို့ ဆိုးဆေးနဲ့ပတ်သက်တာတွေ အထောက်အပံ့ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ အဓိကတော့ သမားရိုးကျလက်နဲ့ဆိုးဆေးဆိုးတာထက် အရည်အသွေးပိုကောင်းအောင် နည်းပညာနဲ့ စက်ကိရိယာအသုံးပြုနိုင်အောင်၊ လူနဲ့ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ အရည်အသွေးကောင်း တဲ့ဆိုးဆေးတွေ သုံးအောင်၊ အသုံးပြုပြီးသား ဆိုးဆေးရည်တွေကို စနစ်တကျစွန့်ပစ်အောင် ဆောင်ရွက်နေပါတယ်။ ပထမဆုံးအကြိမ် ပါဝင်ပြသတာဖြစ်ပေမယ့် ထိရောက်မှုရှိတဲ့ ပြပွဲဖြစ်ပါတယ်။ ဒီပြပွဲကနေတစ်ဆင့် ရိုးရာချည်ထည်လုပ်ငန်းတွေတွေ့ဆုံပြီး ဆွေးနွေးဖြစ်ကြတယ်။ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ကျွန်တော်တို့လုပ်ငန်းမှာ အများစုက ဆိုးဆေးကို ပြည်ပဆိုးဆေး အသုံးပြုတာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ အဆင်ပြေအောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လမ်းညွှန်ပူးပေါင်းပြီး ကူညီပေးစေလိုပါတယ်။ အခုပြပွဲမှာ ကျွန်တော်တို့ လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့လည်း ပွင့်ပွင့်လင်းလင်း နှီးနှော တိုင်ပင်ခွင့်ရရှိပါတယ်။ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေကလည်း လှိုက်လှိုက်လှဲလှဲ ကူညီဆောင်ရွက်ပေးကြတဲ့အတွက် အားတက်ရပါတယ်။ ဒါကြောင့် တခြားလုပ်ငန်းရှင်တွေကိုလည်း လာမယ့်နှစ်မှာ ပါဝင်ပြသဖို့ အကြံပေးချင်ပါတယ်”ဟု မန်းဇေယျာအောင် ကုမ္ပဏီလီမိတက်မှ မန်းနေဂျင်းဒါရိုက်တာ ဦးမျိုးမင်းထက်က ပြောသည်။

ထိုကဲ့သို့ ပြခန်းများအလိုက် ခင်းကျင်းပြသထားသည့် ဒေသ အလိုက် ထွက်ရှိသော တိုင်းရင်းသား ရိုးရာအစားအစာများ၊ One Region One Product ထုတ်ကုန်များ အပါအဝင် ပြည်ပသို့ တင်ပို့ရောင်းချ နေသည့် MSME ထုတ်ကုန်များ အကြောင်းကို ပြခန်းတာဝန်ရှိသူ များက သက်ဆိုင်ရာ ပြခန်း အလိုက် ရှင်းလင်းဆွေးနွေးပေး လျက်ရှိသည်။

“ကိုယ့်ဒေသက ထုတ်ကုန်တွေကို ပြည်သူတွေဆီကို တိုက်ရိုက်ရောင်းချခွင့်ရသလို တိုက်ရိုက်ထိတွေ့ပြီး ကြော်ငြာခွင့်ရတဲ့ပြပွဲပါ။ လုပ်ငန်းရှင်တွေအတွက် အများကြီး အကျိုးပြုပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေရရှိအောင် နိုင်ငံတော်အကြီးအကဲတွေက MSME လုပ်ငန်းတွေကို ဦးစားပေးအားပေးတယ်၊ မြှင့်တင်ပေးတယ်၊ အချိတ်အဆက်ပေးပြီး ဈေးကွက်ရရှိအောင် ကြိုးပမ်းပေး တဲ့အတွက် လုပ်ငန်းရှင်တွေကလည်း ပြပွဲကိုအားတက်သရော ပူးပေါင်းပါဝင်ကြတယ်။ ပြခန်းမှာဒေသထွက် ကုန်ကြမ်းအရင်းအမြစ် တွေကို ကုန်ချောအဖြစ် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို ခင်းကျင်းပြသထားတယ်။ ဒေသအရင်းအမြစ် ဆန်စပါး၊ ရော်ဘာ၊ ကော်ဖီ၊ OROP ထုတ်ကုန်​တွေ၊ အိမ်တွင်းလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ဒေသအစားအသောက်​တွေ၊ သစ်မွှေးနဲ့ စက်မှုထုတ်ကုန်ပစ္စည်းတွေ၊ ပြည်နယ်စက်မှုဇုန်မှာ တပ်ဆင်ပြီး မြန်မာတစ်နိုင်ငံလုံး တပ်ဆင်ဖြန့်ဝေနေတဲ့ BAJA အမှတ်တံဆိပ် သုံးဘီးနဲ့မော်တော် ယာဉ်တွေ၊ အော်ဂဲနစ်မြေဩဇာနဲ့ ဥစားကြက်​တွေအတွက် ကယ်ဆီယမ် အားဖြည့်ကြက်စာတွေလည်း ပါဝင်ပြသထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးသွား မယ့်အပြင် ကရင်ပြည်နယ်ရဲ့ တောတောင်ရေမြေ သဘာဝအလှအပကိုလည်း တစ်ခါတည်း ပေါင်းပြီး ပြသထားပါတယ်။ ဒါကြောင့် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကိုက ပြောကြားသည်။

ယနေ့တွင် ပြပွဲလာပရိသတ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းဆိုင်များရှိ ဒေသအလိုက် အစားအသောက်များ၊ တိုင်းရင်း သားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက် ကုန်ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံများကိုနှစ်သက်စွာ ဝယ်ယူအားပေးခဲ့ကြပြီး ပြခန်းများနှင့် အရောင်းဆိုင်များတွင် ဝယ်ယူအားပေးသူ ပြည်သူများဖြင့် စည်ကားနေသည်။

“ကျွန်တော်တို့ပြခန်းမှာ ပြသရောင်းချတဲ့ မကွေးဒေသထွက် ပစ္စည်းတွေကို လူကြိုက်များတယ်။ ဒေသအစားအစာတွေကို အားပေး ကြတယ်။ ကျွန်တော်တို့ မကွေး တိုင်းဒေသကြီးကိုယ်စားပြု ပြခန်း မှာ စားသောက်ကုန်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ လယ်ယာ သုံးစက်ကိရိယာတွေ ပါပါတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းဒေသ ကြီးကနေ ပြည်ပကိုတင်ပို့နေတဲ့ သန့်စင်ပြီးနှမ်း၊ နှမ်းလှော်မှုန့်၊ အခွံချွတ်နှမ်း၊ ချည်ထည်ပစ္စည်း၊ ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် စတာတွေလည်းပါပါတယ်။ လုပ်ငန်းရှင်တွေအတွက်ပြည်တွင်း ဈေးကွက်ကနေ ပြည်ပဈေးကွက်ကို တက်လှမ်းပြီးနိုင်ငံကို အကျိုးပြုနိုင်ဖို့ ဒီပြပွဲကအများကြီး အထောက်အကူ ပြုပါတယ်။ ဒါကြောင့် ပါဝင်ပြသကြတဲ့ လုပ်ငန်းရှင်တွေက တက်တက် ကြွကြွရှိကြတယ်။ MSME လုပ်ငန်း ရှင်တွေနဲ့ ဘဏ်တွေအကြား B2B Business Matching ကဏ္ဍတွေမှာ ချေးငွေရရှိမှုအပိုင်းတွေ၊ ဈေးကွက်ရရှိမှု အပိုင်းတွေမှာ အဆင်ပြေချောမွေ့အောင် ဒီပြပွဲကနေ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ ကြတယ်။ ဒါကြောင့် နိုင်ငံတော် အနေနဲ့ ဒီလိုပြပွဲတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးပါလို့ပြောလိုပါတယ်” ဟု မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ပြခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဇော်ထွန်း အောင်က ပြောသည်။

ပြပွဲလာပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန်ညပိုင်းတွင် နိုင်ငံကျော် အနုပညာရှင်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသည့် ဖျော်ဖြေရေးအစီအစဉ် များလည်း ပါဝင်သည်။

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ပထမနေ့၊ ဒုတိယနေ့နှင့် တတိယနေ့ သုံးရက်တာအတွင်း ပြခန်းများနှင့် အရောင်းဆိုင်များမှ ကျပ်သန်းပေါင်း ၁၀၀၀၀ ကျော် ရောင်းချခဲ့ရပြီး ယနေ့ပြပွဲ တတိယနေ့သို့ လာရောက်ကြည့်ရှု လေ့လာကြသည့်ပြည်သူ တစ်သိန်းရှစ်ထောင် ကျော်ရှိကြောင်း သိရသည်။

သတင်း - အောင်မင်းဟန် ကျော်စွာဝင်း

ဓာတ်ပုံ - အောင်မင်းထွန်း

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on February 11, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on February 09, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023