ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များ အစားအသောက်ပြိုင်ပွဲနှင့် ဘာသာရပ်များအလိုက် ဈေးရောင်းပွဲတော် ကြည့်ရှုအားပေး


Ministry of Education/ Naypyitaw / February 07, 2026


နေပြည်တော်  ၂၀၂၆ ဖေဖော်ဝါရီ ၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်အနီး၌ကျင်းပသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆)၊ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များ အစားအသောက်ပြိုင်ပွဲနှင့် ရန်ကုန်တက္ကသိုလ်ဘာသာရပ်များအလိုက် ဈေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ လှည်းကူး ပညာရေးဒီဂရီကောလိပ်နှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့ ပါဝင်ယှဉ်ပြိုင်ကြသည့် ရန်ကုန်မြို့ ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များ အစားအသောက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းရင်းသားရိုးရာအစားအစာများ၊ ရန်ကုန်တက္ကသိုလ် ဘာသာရပ်များ  အလိုက်ခင်းကျင်းရောင်းချနေသည့် ဈေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Ministry of Transport and Communications / Posted on February 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on February 23, 2026

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

Ministry of Information / Posted on February 23, 2026

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

Video