ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန် စခန်းဖွင့်ပွဲ တက်ရောက်


Ministry of Education/ Naypyitaw / May 07, 2026


နေပြည်တော် ၂၀၂၆ မေ ၇

၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ညောင်ရွှေမြို့၊ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း၌  ကျင်းပသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က လူရည်ချွန် စခန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကို HUPIN ဟိုတယ်ခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကိုအားပေးစို့ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်‌စေရန် ပညာရေးဝန်ကြီးဌာနက ပံ့ပိုး‌ပေး မည်ဖြစ်ရာ လူရည်ချွန်မောင်မယ်များကလည်း နိုင်ငံတော်၏ပံ့ပိုးမှုနှင့်အတူ ထူးချွန် ပြောင်မြောက်သော ကျွမ်းကျင်ပညာရှင်များ ဖြစ်လာ‌စေရန် ကြိုးစားကြစေလိုကြောင်း၊  မိမိတို့ ၏ တာဝန်ဝတ္တရားများ ကျေပွန်စွာထမ်းဆောင်ပြီး ပညာနှင့်နိုင်ငံတော်၏ ပုံရိပ်ကိုဖန်တီးကာ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကျရာကဏ္ဍကနေ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီးကြပ်များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လူရည်ချွန်မောင်မယ်များကို ရင်ထိုးတံဆိပ်များပေးအပ်သည်။

ထို့နောက် တောင်ကြီးဒေသရှိ ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများက လူရည်ချွန် မောင်မယ် (၁၃၂)ဦးအတွက် တစ်ဦးလျှင် (၂)သိန်းကျပ်နှုန်းဖြင့် (၂၆၄)သိန်းအား ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက လူရည်ချွန်မောင်မယ်များ အားလုံး၏ကိုယ်စား လူရည်ချွန်မောင်မယ် (၂)ဦးကို ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီး၊ ပြည်နယ်၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများသည် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း၌ လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။

ဆက်လက်၍ ညောင်ရွှေမြို့နယ် ကေလာရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သို့ရောက်ရှိကာ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video