ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ
ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / June 01, 2026
ဘားအံ - ဇွန် (၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုး သမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားသင်တန်း များဖွင့်လှစ်ပေးခြင်း၊ အားကစားအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခြင်း၊ အားကစားပြိုင်ပွဲများကိုစဉ်ဆက်မပြတ် ကျင်းပပေးခြင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများတွင် အဆင့်မီမီပါဝင်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့၊ အားကစားဆပ်ကော်မတီများ၊ ဌာနဆိုင်ရာများပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားပွဲ တင်တင်းနစ်အားကစားနည်းသည် လျင်မြန်သည့်ဖြတ်ထိုးဉာဏ်၊ စူးစိုက်မှု၊ အားကောင်မှုနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုတို့ကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်သည့်အားကစားနည်းတစ်ခုဖြစ်ပြီး အားကစားသမားများအနေဖြင့် ပြိုင်ပွဲစဉ်းမျဉ်း၊ စည်းကမ်း ဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်အနိုင်ယူ၍ ဒိုင်လူကြီး၏အဆုံးအဖြတ်ကိုလိုက်နာကာ အားကစားသမား ကောင်းစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း တိုက်တွန်းပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမား (၄၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ငွေကျပ်(၁၂)သိန်းစီကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး ပြိုင်ပွဲကို အမျိုးသား အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲဟူ၍ အမျိုးအစားခွဲခြားကျင်းပရာ အဖွင့်ပွဲစဉ်အနေဖြင့် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဖာပွန်မြို့နယ်အသင်းနှင့်မြဝတီမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှု၊ အမျိုးသမီး တစ်ဦး ချင်းပြိုင်ပွဲ လှိုင်းဘွဲမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်တို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာ (အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယကနှင့်အဖွဲ့ဝင်များ က ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှာကမြင်ကွက်သစ်အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့ တွင် စာသင်ခန်း၊ စာသင်ဆောင်များအတွင်း ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ စိတ်အေးချမ်းသာစွာ အတန်းစဉ် အလိုက်ပြဌာန်းထားသည့်ဘာသာရပ်များအား သင်ကြား/သင်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြရာ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများက ကျောင်းဖွင့်ရာသီအမီ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ ရေ၊ မီး ပြည့်စုံလုံလောက်မှုရှိစေရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကရင်ပြည်နယ်အတွင်း ယနေ့ ဇွန်လ ၁ ရက်နေ့ထိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ပုဂ္ဂလိကကျောင်း စုစုပေါင်း ၁၃၅၆ ကျောင်းကိုဖွင့်လှစ်ခဲ့ပြီး အဆိုပါကျောင်းများတွင် ကျောင်းသား၊ကျောင်းသူ ၂၂၇၈၆၆ ဦး ကျောင်းအပ်နှံခဲ့ရာ ယနေ့တွင် ၂၂၄၁၆၁ ဦး ရာခိုင်နှုန်းအားဖြင့် ၉၈ ဒဿမ ၃၈ ရာခိုင်နှုန်း ကျောင်းတက်ရောက်ကြကာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိအပ်နှံပညာသင်ကြားနိုင်ရေး၊ ကျောင်းအပ်နှံရန်ကျန်ရှိသည့် ကျောင်းသား၊ကျောင်းသူများ အချိန်မီကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းနေမြဲရေးနှင့် ကျောင်းထွက်သူပပျောက်ရေးတို့ကို အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများ၊ မိဘပြည်သူများ၊ ပညာရေးဝန်ထမ်းများအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။




Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Information / Posted on June 01, 2026
စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
Union Civil Service Board / Posted on May 29, 2026
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
Union Civil Service Board / Posted on May 29, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

