ပြည်မြို့နယ် ရွှေမြောင်ကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ပထမအကြိမ်မြောက် ထုတ်ချေး


Ministry of Cooperatives and Rural Development/ Naypyitaw / June 04, 2026
image_latest


ပြည်မြို့နယ် ရွှေမြောင်ကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ပထမအကြိမ်မြောက် ထုတ်ချေး
=====================================
‎‌ပြည်၊ ဇွန်-၄
 
     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ‎‎ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပြည်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ရွှေမြောင်ကျေးရွာ၌ ပထမအကြိမ်မြောက်ကျေး လက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ် ငန်းစီမံကိန်း(RBF)မှ ချေးငွေများထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
     ‎‎ရှေးဦးစွာ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါက စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အငယ်စား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ် ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်း အနှီးရရှိစေရန်၊ အဆိုပါလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍  ကျေး လက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ် ငန်းစီမံကိန်း(RBF)ထုတ်ချေးပေးရခြင်းဖြစ် ကြောင်း၊ စီမံကိန်းမှရရှိလာမည့်အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာ ဝန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်း လင်းပြောကြားသည်။
     ‎‎ဆက်လက်၍ ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က စီမံကိန်းစက်ဝန်းကာလနှင့်အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ ကို လွှဲပြောင်းပေးအပ် သည်။
      ‎‎ထို့နောက် ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် စီမံ ကိန်းတာဝန်ခံဝန်ထမ်းတို့၏ ကြီးကြပ်မှုဖြင့် ကျေး လက်စီးပွားမြင့်မားရေးရန်ပုံငွေကြီးကြပ်မှု‌ကော်မ တီဝင်များမှ ရွှေမြောင်ကျေးရွာ၌ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့်အစုအဖွဲ့ ၂ ဖွဲ့ကို စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀ ၊ နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့်အစုအဖွဲ့ တစ်ဖွဲ့ကို စီမံကိန်းရန်ပုံ ငွေကျပ် ၇၅ သိန်း၊ ကျွဲမွေးမြူရေးလုပ်ငန်းဆောင် ရွက်သည့်အစုအဖွဲ့ တစ်ဖွဲ့ကို စီမံကိန်းရန်ပုံငွေကျပ် ၇၅ သိန်း၊ စုစု‌ပေါင်းအစုအဖွဲ့ ၄ ဖွဲ့ကို ပထမအကြိမ်မြောက်ကျေးလက်စီးပွားမြင့်မားရေးထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)မှကျပ်သိန်း ၃၀၀ ကိုအတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်ထံမှသိရ သည်။
ချိုလေး

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Ministry of Information / Posted on June 02, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

Video