ပြည်သူတို့ အရည်အသွေးပြည့်မီသည့် EV များသုံးစွဲနိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / December 24, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV) စစ်ဆေးခြင်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်အရ ဆက်စပ်ဌာနများ၊ ပြည်သူတို့နှင့် ပြင်ပလုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များနှင့် ကိုက်ညီသောသင်တန်းကို ယနေ့ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ ကမ္ဘာ့ကားဈေးကွက်သည် ၂၁ ရာစုနှစ်၌ အလျင်မြန်ဆုံး ပြောင်းလဲမှုကို ကြုံတွေ့နေရကြောင်း၊ EV ခေတ်သို့ ပြောင်းလဲမှုများ၏ အဓိကမောင်းနှင်အားသည် နည်းပညာထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်မှုနှင့် စီးပွားရေးဆွဲဆောင်မှုများကို တွေ့ရှိရကြောင်း၊ ယင်းသို့ ပြိုင်ဆိုင်မှု ပြင်းထန်ကာ မြန်ဆန်စွာ ဖွံ့ဖြိုးနေသော EV ခေတ်အတွင်း မိမိတို့နိုင်ငံတွင်လည်း EV သုံးစွဲမှုများ တစ်ရှိန်ထိုး မြင့်တက်လာကြောင်း၊ သို့ဖြစ်ရာ ပြည်သူတို့ ဘေးအန္တရာယ်ကင်းရှင်းစွာ အရည်အသွေးပြည့်မီသည့် EV များကို ဝယ်ယူသုံးစွဲနိုင်ရေးအတွက် EV ဆိုင်ရာပြဋ္ဌာန်းပြီး စံချိန်စံညွှန်းများကို သိရှိနားလည်ရန်အပြင် အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်မှုရှိရန် လိုအပ်လာသဖြင့် သင်တန်းသားများသည် ပြည်သူတို့ အရည်အသွေးပြည့်မီသည့် EV များ သုံးစွဲနိုင်စေရေးအတွက် အမှန်တကယ်စစ်ဆေးပေးနိုင်သည့် ကျွမ်းကျင်ပညာရှင်များ ဖြစ်စေရေးအတွက် သင်တန်းချိန်များကို တန်ဖိုးထား၍ မဆုတ်မနစ် ကြိုးပမ်းသင်ယူလေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် သင်တန်းနည်းပြတစ်ဦးက သင်တန်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတ်မှတ်ပြီး လျှပ်စစ်သုံးယာဉ်ဆိုင်ရာ မြန်မာစံချိန်စံညွှန်း ၁၈ ခုကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးသည် EV အလုပ်ရုံအတွင်း လေ့လာလေ့ကျင့်နေမှုအခြေအနေများကို လှည့်လည်အားပေးကာ လိုအပ်သည်များ မှာကြားသည်။

သင်တန်းသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ သင်တန်းသား ၂၅ ဦး တက်ရောက်ပြီး သင်တန်းကာလ သုံးရက်အတွင်း တစ်ရက်လျှင် ၈ နာရီနှုန်းဖြင့် သင်တန်းချိန် ၂၄ နာရီ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023