ပွင့်ဖြူမြို့နယ် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က နွေစပါးများ စိုက်ပျိုး
ပွင့်ဖြူမြို့နယ် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က နွေစပါးများ စိုက်ပျိုး
Ministry of Cooperatives and Rural Development/ Naypyitaw / May 13, 2025

မကွေး မေ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က ကျေးလက်နေတောင်သူများအား မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးလာခြင်းကြောင့် အကျိုးအမြတ်ပိုမိုရရှိစေရန်၊ မျိုးကောင်းမျိုးသန့်များ တစ်ပိုင်တစ်နိုင် ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၊ မင်းဘူး(စကု)မြို့နယ်များ၌ စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးသမဝါယမ ကဏ္ဍက ဆောင်ရွက်လျက်ရှိရာ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်အနေဖြင့် နွေစပါးစိုက်ဧက ၅၀ ပေါ်တွင် ဆာဖိုးသာစပါးများကို ပျိုးထောင်ရက်နှင့် ကောက်စိုက်များသတ်မှတ်ကာ ၆ တန်း ၁ တန်းလှပ်(မျိုးစေ့ထုတ်)ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးခဲ့ သည်။ အဆိုပါ ဆာဖိုးသာစပါးများ စိုက်ပျိုးရာတွင် CP ၊ ယူရီးယား၊ စိမ်းစိုနှင့် ပိုတက် စသည့် သွင်းအားစုမြေဩဇာများကို ထည့်သွင်းအသုံးပြုစိုက်ပျိုးထားရှိပြီး လာမည့်ဇူလိုင်လကုန်ပိုင်းတွင် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။
Announcement
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Revenue Appellate Tribunal / Posted on July 01, 2025
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
အမည်မည်းစာရင်းကြေညာခြင်း
Ministry of Information / Posted on July 01, 2025
၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Ministry of Planning and Finance / Posted on June 30, 2025