ပွဲနည်းနည်းရှားနေတဲ့အချိန်မှာ ဒီလိုပွဲတွေလုပ်ပေးခြင်းအားဖြင့် ရွက်ပုန်းသီးအားကစားသမားတွေလည်း ထွက်ပေါ်လာ မယ်။ လာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်မယ့်ကစားသမားတွေလည်း အခုပြိုင်ပွဲကနေ ရွေးချယ်လို့ရမှာဖြစ်ပါတယ်။
ပွဲနည်းနည်းရှားနေတဲ့အချိန်မှာ ဒီလိုပွဲတွေလုပ်ပေးခြင်းအားဖြင့် ရွက်ပုန်းသီးအားကစားသမားတွေလည်း ထွက်ပေါ်လာ မယ်။ လာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်မယ့်ကစားသမားတွေလည်း အခုပြိုင်ပွဲကနေ ရွေးချယ်လို့ရမှာဖြစ်ပါတယ်။
Ministry of Information/ Naypyitaw / December 14, 2024
ဦးမြင့်လွင်
ပဉ္ဓမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ဦးဝဏ္ဏထွန်း ဂျူဒိုအားကစားနည်းပြ ကချင်ပြည်နယ်ကိုယ်စားပြု
ပြီးခဲ့တဲ့နှစ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားပွဲတွေ ပြီးကတည်းက ကလေးတွေကို နေ့တိုင်းတစ်နေ့ကို တစ်ကြိမ်လာပြီး လေ့ကျင့်ခိုင်းပါတယ်။ အဲဒါပြီးမှ ဒီပြိုင်ပွဲအတွက် နှစ်လစခန်းသွင်း လေ့ကျင့်စေခဲ့ပါတယ်။ ကချင်ပြည်နယ်မှာရှိတာကတော့ ဂျူဒိုအားကစားသမား ၄၀ လောက်ရှိပါတယ်။ အဲဒီထဲကမှ အကောင်းဆုံးကစားသမားတွေကို စခန်းသွင်းလေ့ကျင့်တာပါ။ ကျွန်တော်တို့ ကချင်ပြည်နယ်အနေနဲ့ ဂျူဒိုပြိုင်ပွဲတစ်ဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်ငါးခုနဲ့ ကြေးတံဆိပ်သုံးခုရထားပါတယ်။ အဖွဲ့လိုက် ဂျူဒိုပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့် တက်ထားပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းနဲ့တွေ့တာပါ။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတာ ကောင်းပါတယ်။ ကစားသမားတွေအတွက် ပြိုင်ပွဲတွေနည်းရင် လက်ရည်သိပ်မထွက်ဘူးလေ။ အခုလိုပြိုင်ပွဲတွေ စဉ်ဆက်မပြတ် ကျင်းပပေးတဲ့အတွက် ကလေးတွေလည်း တောက်လျှောက်လာလေ့ကျင့်ပါတယ်။ အခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ကစားသမားတွေအနေနဲ့ နိုင်ချင်စိတ်တွေလည်း များလာတယ်။ ဂျူဒိုအားကစား ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ မျိုးဆက်သစ်ကစားသမားတွေ မွေးထုတ်နိုင်ဖို့ ဂျူဒိုအဖွဲ့ချုပ်တွေအနေနဲ့ မြက်ဖျာတွေ၊ ဝတ်စုံတွေ ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ပြည်နယ်တာဝန်ရှိသူတွေကလည်း ကစားသမားကောင်းတွေ ထွက်လာအောင် ပံ့ပိုးဖို့လိုပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတာ ကျွန်တော်တို့အတွက်လည်း ကောင်းပါတယ်။ ကျွန်တော်လည်း နှစ် ၂၀ လောက်ကစားခဲ့တာမှာ အမျိုးသားအားကစားပွဲတော်မှာ တစ်ကြိမ်ပဲ ကစားဖူးတာပါ။ အရင်နှစ်ကဆို တိုင်းဒေသကြီးနဲ့ ပြည်နယ်ပွဲတွေ ကျင်းပပါတယ်။ ကချင်ပြည်နယ်ကိုယ်စားပြု ဂျူဒိုကစားသမားတွေ သိပ်ခက်ခက်ခဲခဲမကစားရဘူး။ အခုအမျိုးသားအားကစားပွဲတော်မှာဆိုရင် သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပြင်ဆင်ထားပြီးဖြစ်တယ်။ ကလေးတွေက ဒီပွဲတော်ကြီးမှာ အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားကြတာတွေ့ရပါတယ်။
မောင်သန့်ဇင်ဝင်းအောင် ဂျူဒိုအားကစားပြိုင်ပွဲဝင် ရှမ်းပြည်နယ်ကိုယ်စားပြု
ဒီနေ့ယှဉ်ပြိုင်တာကတော့ အသင်းလိုက် ဂျူဒိုအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကစားတာပါ။ အမျိုးသားသုံးယောက်၊ အမျိုးသမီးသုံးယောက် အားလုံးခြောက်ယောက်ပါဝင်ကစားတာဖြစ်ပြီး ဂျူဒိုမှာ အတိုက်နဲ့ခတ္တဆိုပြီး နှစ်မျိုးရှိပေမယ့် ကျွန်တော်က အတိုက်တစ်မျိုးတည်းကို ယှဉ်ပြိုင်တာပါ။ အတိုက်တစ်ဦးချင်းပြိုင်ပွဲမှာတော့ ရှမ်းပြည်နယ်ကိုယ်စားပြု ဂျူဒိုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပါတယ်။ အခုအသင်းလိုက်ပြိုင်ပွဲကတော့ အုပ်စုအဆင့်ပဲ ရှိပါသေးတယ်။ အသင်းလိုက်ပြိုင်ပွဲမှာ အတိုက်တစ်မျိုးတည်းဆိုပေမယ့် ဝိတ်တန်းတော့ကွဲပါတယ်။ ဒီပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် ကိုးလလောက် ပြင်ဆင်ခဲ့ပါတယ်။ နေပြည်တော် gold camp မှာ လေ့ကျင့်ခဲ့တာပါ။ အခုလိုပြိုင်ပွဲတွေ ကျင်းပတာများမှလည်း ကျွန်တော်တို့ လက်ရည်တက်တာပါ။ နိုင်ငံတကာပွဲတွေ ပါဝင်ယှဉ်ပြိုင်ဖို့အတွက်လည်း ပြိုင်ပွဲတွေ ကျင်းပပေးတာရှိတော့ ပြင်ဆင်ပြီးသားဖြစ်တာပေါ့။ ကျင်းပပေးတာ ကျေးဇူးတင်ပါတယ်။
မယဉ်ယဉ်ထွေး အလေးမပြိုင်ပွဲဝင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု
ဒီနေ့ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ရဲ့ အမျိုးသမီးအလေးမပြိုင်ပွဲ ၄၅ ကီလိုတန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်စုစုပေါင်း လေးခုယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို ရွှေတံဆိပ်ဆုရရှိတော့ ကြိုးစားခဲ့တာ အရာထင်လာတာဖြစ်လို့ ဝမ်းသာပါတယ်။ အလေးမပြိုင်ပွဲမှာ ပြိုင်ပွဲအားလုံးပေါင်းပြီး အများဆုံးလူကို စံချိန်(ပထမ)ပေးတာပါ။ စုစုပေါင်း ၁၂၈ ကီလိုနဲ့ စံချိန်ဝင်ခဲ့လို့ ရွှေတံဆိပ်ဆုရခဲ့တာဖြစ်ပါတယ်။ အရင်ကတော့ အလေးမပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ဖူးပေမယ့် အခုလိုအမျိုးသားအားကစားပွဲတော်ကတော့ ပထမဆုံးယှဉ်ပြိုင်ဖူးတာပါ။ အရင်နှစ်က ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အတော်လေးကြိုးစားခဲ့ပါတယ်။ ဝိတ်ချထားတာဖြစ်လို့ အရင်ကစံချိန်အောက် နည်းနည်းလျော့သွားပါတယ်။ ပြိုင်ပွဲတွေ မကြာခဏရှိရင်ပိုကောင်းပါတယ်။ ပြိုင်ပွဲရှိတော့ ပိုပြီးလေ့ကျင့်ဖြစ်တာပေါ့။
ဦးမြင့်လွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး
တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲတွေ ကျင်းပခြင်းအားဖြင့် ရေကူးသမားတွေ အများကြီးထွက်ပေါ်လာမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလာတဲ့ ရေကူးသမားအသစ်လေးတွေဆို ပိုကောင်းပါတယ်။ အခုမှ ရေကူးအားကစားက ပြန်လုပ်တာဆိုတော့ လူငယ်မျိုးဆက်သစ်တွေ ထွက်ပေါ်လာရေး ကျင်းပပေးနေခြင်းဖြစ်ပါတယ်။ သက်တမ်းအလိုက် ပြိုင်ပွဲတွေလည်း ကျွန်တော်တို့ ရေကူးအဖွဲ့ချုပ်အနေနဲ့ ကျင်းပပါတယ်။ ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲမှာဆိုရင် အသက် ၁၄ နှစ်ကနေ ၂၅ နှစ် အတွင်းပြိုင်ပွဲတွေ ကျင်းပပေးသလို အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်ပြိုင်ပွဲတွေ ကျင်းပပေးနေပါတယ်။ ရေကူးအားကစားက တခြားအားကစားတွေနဲ့ မတူတာကတော့ ငယ်ငယ်ရွယ်ရွယ်ကတည်းက လေ့ကျင့်ရတယ်။ လက်ရွေးစဉ်ကစားသမားဖြစ်ဖို့ဆိုရင်တော့ အချိန်ကြာကြာယူရတယ်။ အားသန်တာနဲ့မရဘူး။ ရေကူး အားကစားကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် နှစ်ရှည်လများလေ့ကျင့်မှ ကျွမ်းကျင်မှုရတာဖြစ်တယ်။ ရေကူးအားကစားနည်းမှာ အလွတ်ကူး၊ ပက်လက်ကူး၊ ရင်ပေါင်တန်းကူး၊ လိပ်ပြာကူးလေးမျိုးရှိပေမယ့် တစ်ဦးချင်းရေကူးပြိုင်ပွဲတွေမှာ မီတာ ၄၀၀ အလွတ်ကူး၊ မီတာ ၂၀၀ အလွတ်ကူးဆိုပြီး ထည့်ထားတဲ့အပြင် အဲဒီလေးမျိုးကိုပဲ မီတာ ၅၀၊ မီတာ ၁၀၀ စတဲ့ပွဲတွေလည်း ခွဲထည့်ထားပါတယ်။ အခုကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်မှာ ပွဲစဉ်စုစုပေါင်း အမျိုးသား/အမျိုးသမီး ၂၆ ပွဲ ရှိပါတယ်။ အခုရေကူးပြိုင်ပွဲမှာ အမျိုးသား ၈၉ ဦး၊ အမျိုး သမီး ၆၈ ဦး ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ပွဲနည်းနည်းရှားနေတဲ့အချိန်မှာ ဒီလိုပွဲတွေ လုပ်ပေးခြင်းအားဖြင့် ရွက်ပုန်းသီးအားကစားသမားတွေလည်း ထွက်ပေါ်လာမယ်။ လာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်မယ့်ကစားသမားတွေလည်း အခုပြိုင်ပွဲကနေ ရွေးချယ်လို့ရမှာဖြစ်ပါတယ်။
မသွန်းမိုးမေ အမျိုးသမီးရေကူးပြိုင်ပွဲဝင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု
အခုလို ရေကူးပြိုင်ပွဲတွေကို မကြာခဏဆိုသလို ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပြိုင်ပွဲတွေမှာလည်း ပြိုင်ဖူးတယ်။ နိုင်ငံတကာရေကူးပြိုင်ပွဲ အတွေ့အကြုံအနေနဲ့ကတော့ စင်ကာပူနိုင်ငံမှာလည်း ပြိုင်ဖူးတယ်။ ကျွန်မဆရာနဲ့အတူ ထိုင်းနိုင်ငံ ဗန်ကောက်မှာကျင်းပတဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာလည်း သုံးကြိမ်သွားရောက်ယှဉ်ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာလည်း ဆုတွေရခဲ့ပါတယ်။ နောက်ဆုံးတစ်ခေါက် သွားရောက်ယှဉ်ပြိုင်ရာမှာတော့ ရွှေတစ်ဆုရခဲ့ပါတယ်။ အခုအမျိုးသားအားကစားပွဲတော် ရေကူးပြိုင်ပွဲမှာတော့ ၂၀၀ IM နဲ့ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ IM ဆိုတာကတော့ အလွတ်ကူး၊ ပက်လက်ကူး၊ လိပ်ပြာကူး၊ ရင်ပေါင်တန်းကူးစတဲ့ရေကူးနည်းလေးနည်းနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာလည်း ဝင်ပြိုင်ဖြစ်ပါတယ်။ အမျိုးသမီ မီတာ ၂၀၀ IM ပြိုင်ပွဲမှာ ပထမရခဲ့ပါတယ်။
နော်တဘိုးရာ ၅၅ ကီလိုတန်းအလေးမပြိုင်ပွဲဝင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
အရင်ကတင်ခဲ့တဲ့စံချိန်ကို အခုပြိုင်ပွဲမှာ ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့လို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ၁၁၆ ကီလိုနှစ်ဆင့်မနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အလေးစမတာကတော့ ၂၀၁၄ မန္တလေး အား/ကာသိပ္ပံကနေ ရွေးချယ်ခံရပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ အခုပွဲမတိုင်ခင် ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ သွားပြီးယှဉ်ပြိုင်ခဲ့တယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကြေးတံဆိပ်ရခဲ့ပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတော့ မျိုးဆက်သစ်တွေလည်း ပေါ်ထွက်လာမယ်။ ကျွန်မတို့အတွက်လည်း လေ့ကျင့်ပြီးသားဖြစ်တယ်။ အလေးမအားကစားကို လူတွေပိုသိလာမယ်။ အရင်က အလေးမအားကစားကို မသိခဲ့ဘူး။ မိသားစုအသိုင်းအဝိုင်းကလည်း ချမ်းသာတဲ့ထဲမှာ မပါတဲ့အတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တဲ့စိတ်ကြောင့်သာ အလေးမကို ရွေးချယ်ခဲ့တာပါ။ ဒီလောကထဲကို စပြီးဝင်ကတည်းက လက်ရွေးစင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ရှိတယ်။ ကိုဗစ်ကာလမှာ စခန်းသွင်းလေ့ကျင့်မှုတွေ ခဏနားတော့ အလေးမအားကစားဆက်မလုပ်တော့ဘူးဆိုပြီး တွေးထားပေမယ့် စခန်းသွင်းလေ့ကျင့်မှုတွေ ပြန်လုပ်တဲ့အချိန်မှာတော့ အလေးမအားကစားကို လေးနှစ်လောက်ရင်းခဲ့ပြီး သွားပြီဖြစ်လို့ အောင်မြင်မှုရအောင် ပြန်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဗီယက်နမ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အခုလို စံချိန်သစ်တင်နိုင်ဖို့ကတော့ နည်းပြရောကစားသမားရော အဓိကအရေးကြီးတာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ
အလင်းသစ်၊ လင်းရာမ
Newspaper
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်း (နောက်ဆက်တွဲ) စာရင်းကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on December 24, 2024
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေးရာထူးနေရာ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
Revenue Appellate Tribunal / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Revenue Appellate Tribunal / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း