ဘားအံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကျင်းပ
ဘားအံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 13, 2025

ဘားအံ ဩဂုတ် ၁၃
“လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့ ” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် အပြည် ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားသို့တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ထူးချွန်လူ ငယ်များ၊ ယဉ်ကျေးမှုအဖွဲ့များက နိုင်ငံတော်အလံကို အလေးပြုကြပြီး လူငယ်ဂုဏ်ပြုတေးသီချင်းဖြင့် အခမ်းအနား ကို သီဆိုဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးရန်အတွက် အစီအမံများချမှတ်ပြီး အားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ လူငယ်မောင်မယ်များဘက်ကလည်း ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်အောင် ကြိုးစားကြကာ ပြောင်းလဲနေသော နည်းပညာခေတ်ကြီးတွင် မြန်မာသာမက ကမ္ဘာ့လူငယ်များနှင့် ရင်ဘောင်တန်း နိုင်အောင် စဉ်ဆက်မပြတ်လေ့လာကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမျူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗဟိုအဆင့် ပြိုင်ပွဲများတွင် ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုပေါင်း ၅၃ ဆုကို ပေးအပ်ချီးမြှင့်ကြကာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို အတူတကွကြည့် ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းရင်းသားလူငယ်ယဉ်ကျေးမှုအဖွဲ့များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက် ကူးကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းနှီးနွေး ထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး လူငယ်ရေးရာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ဘားအံမြို့၊ အမှတ်(၈) ရပ်ကွက်တွင် သံလွင်မြစ်ကမ်းပါး အလျား(၂၉၀၀)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှမိုးက မြစ်ကမ်းပါးပြိုကျမှုအခြေအနေနှင့် လက်တလောကမ်းပါးများ ကမ်းထိန်းတမံများ မပြုလုပ်နိုင်သေးသည့်အတွက် ဆက်လက်၍ပြိုကျမှုလျော့ပါးစေရန် Floating Structure အလျား ၁၀၀၀ ပေခန့် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က Floating Structure များအမြန်ဆုံး တည်ဆောက်ကာကွယ်ရန်၊ လာမည့်ရေနည်းရာသီတွင်စစ်ဆေး၍ ကမ်းထိန်းလုပ်ငန်းအစီအမံများရေးဆွဲတင်ပြရန် မှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါသံလွင်မြစ်ကမ်းပါးအနီး မွေးမြူရေးတောင်သူများ၏ ဒေသနွား ၄၂ ကောင် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များမေးမြန်းအားပေးကာ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ချီးမြှင့်သော အာဟာရဆားခဲ့များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ် -ကောထမလိန်းလမ်း ရေကြီး၊ရေတိုက်စားခြင်းကြောင့် လမ်းပခုံးနှင့်လမ်းတာဘောင်ထိခိုက်ပျက်စီးမှု အား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ကြီးဖြည့်သဲကြပ်ခြင်း၊ ကျောက်စီနံရံပြုလုပ်ခြင်း၊ လမ်းပုခုံး တုတ်ရိုက်ခြင်းတို့အား ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးလမ်းပိုင်းများအား အမြန်ဆုံးပြင်ဆင် ဆောင်ရွက်၍ အများပြည်သူစိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တာဝန်ရှိ သူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် AK ကုမ္ပဏီမှ B.O.T စနစ်ဖြင့်ဆောင်ရွက်သော သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်းပေါ်ရှိ တံတားအမှတ်(၁/၃၂) (၇)ပေ Box Culvert ကမ်းကပ်ခုံ ရေတိုက်စား၍ ထိခိုက်ပျက်စီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်ဆောင်က ယာဉ်သွားလာမှုပြတ်တောက်ခြင်းမရှိစေရေးနှင့် ပြုပြင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)သို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအား ပေးပြီး အာဟာရဖြည့်စွက်အစားအစာများချီးမြှင့်ပေးအပ်ကာ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။
Announcement
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း
Ministry of Information / Posted on August 14, 2025
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အား ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုတွင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများအပါအဝင် အခြေခံအဆောက်အအုံများ သောင်းနှင့်ချီ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
မြန်မာနိုင်ငံပြန်တမ်း
Ministry of Information / Posted on August 13, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးကို သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း
Naypyitaw Development Committee / Posted on August 12, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း