မင်းဘူးမြို့နယ် စိုင်ရှင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေး


Ministry of Cooperatives and Rural Development/ Naypyitaw / December 08, 2025
image_latest


မင်းဘူးမြို့နယ် စိုင်ရှင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေး 

‎မင်းဘူး ဒီဇင်ဘာ ၈
‎မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ စိုင်ရှင်  ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 
‎ရှေးဦးစွာ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်းမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာအုပ်ပါလမ်းညွှန်ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာနေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဥပဒေ၊နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားသည်။ 
‎ဆက်လက်၍ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေး ရာတွင်လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်မာဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေ ၃၃၇ သိန်း လွှဲပြောင်းပေးအပ်သည်။ 
‎ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စိုင်ရှင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ်အဖြစ်  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၉  ဦးထံသို့ ရန်ပုံငွေ ၁၆၀ ဒသမ ၅ သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆၆ ဦးထံသို့ ရန်ပုံငွေ ၁၁၉သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးထံသို့ ရန်ပုံငွေ ၅၇ ဒသမ ၅  သိန်း၊  စုစုပေါင်း အသင်းဝင် ၁၃၈  ဦးထံသို့ ရန်ပုံငွေ ၃၃၇  သိန်းအား တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်းထံမှ သိရသည်။ 
ဇင်မာ

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023