မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဆင်သေရေလှောင်တမံ အခိုင်အမာပြုပြင်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / March 10, 2026
image_latest


နေပြည်တော် မတ် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၇ ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် မယ်ဇလီကျင်းကျေးရွာအနီးရှိ ဆင်သေရေလှောင် တမံအခိုင်အမာပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက ဆင်သေရေလှောင်တမံ ပြန်လည်ပြုပြင်မည့် ဒီဇိုင်းပုံစံများ၊ လအလိုက် ဆောင်ရွက်ရန်လျာထားမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလှောင်တမံပြန်လည်ပြုပြင်ရာတွင် ပိုမိုခိုင်ခံ့ပြီး ရေရှည်လုံခြုံစိတ်ချနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးအထူးအလေးထားဆောင်ရွက်ကြရန်၊ ရေလှောင်တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်ရေးကို Dam Monitoring စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြရန်နှင့် နွေစပါးအပါအဝင် အခြားနွေသီးနှံလျာထား စိုက်ဧကများအတိုင်း လုံလောက်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေးစီမံဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လုပ်ငန်းခွင်အတွင်း ဆောင်ရွက်လျက်ရှိသော တမံ Rock Toe ရေစစ်ကျောက်ရိုးစီခြင်း၊ မြေကြီးဖို့ခြင်း၊ တမံနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆင်သေရေလှောင်တမံသည် ဒေသခံတောင်သူများ ရာသီအလိုက် နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံများ အချိန်မီအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိသော ရေလှောင်တမံတစ်ခုဖြစ်ကာ ဆင်သေရေလှောင်တမံအနေဖြင့် ယခု ၂၀၂၅-၂၀၂၆ နွေသီးနှံရာသီတွင် နွေစပါးနှင့် နွေအခြားသီးနှံလျာထားဧကပေါင်း ၁၁၅၈၀ ရှိသည့်အနက် ယနေ့အထိ နွေစပါး ၅၃၇၉ ဧကကို စိုက်ပျိုးရေပေးဝေထားရှိပြီး ကျန်ဧကများကိုလည်း စိုက်ပျိုးရေဆက်လက်ပေးဝေလျက်ရှိသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီး၌ ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှု၊ ရေလွှဲဆည်အူကြောင်း (Align-ment) ရွေးချယ်ထားရှိမှု၊ သတ်မှတ်ဒီဇိုင်းပုံစံအရ မြေပြင်နေအထားနှင့် ကိုက်ညီမှု ရှိ၊ မရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဆင်သေရေသောက်စနစ် လက်ဝဲလက်တံ (၁) မြောင်းအဖျားပိုင်းအထိ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေမှုနှင့် ရေဆင်းဆည်ရေသောက်စနစ်ဧရိယာအတွင်း လက်ယာလက်တံ (၂) မြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေကို စနစ်တကျ အကျိုးရှိ စွာသုံးစွဲကြရန်၊ မြောင်းဖျားပိုင်းရှိ လယ်ကွက်များအထိ စိုက်ပျိုးရေမျှတစွာ ရရှိစေရန်နှင့် စိုက်ပျိုးရေရယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ရေဆင်းရေလှောင်တမံအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါး ၆၂၄၆ ဧက၊ နွေအခြားသီးနှံ ဧက ၁၁၈၀ စုစုပေါင်း ၇၄၂၆ ဧကကို စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

Ministry of Information / Posted on March 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

အများပြည်သူသို့ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာ

Ministry of Information / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

Video