မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / November 18, 2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆားကျင်းကျေးရွာတောင်ဘက် တောအတွင်း၌ လောင်းက စားပြုလုပ်နေကြောင်း သတင်းအရ ရွာတန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ရှာဖွေဖမ်းဆီးခဲ့ရာ အဆိုပါတောအတွင်း၌ လေး ကောင်ဂျင် လောင်းကစားပြုလုပ်နေသူ ရမည်းသင်း မြို့နယ်၊ ကုလားမျောကျေးရွာနေ ဝင်းသိုက်(၅၀)နှစ်၊ တစ်ရွာတည်းနေ ဝင်းဇော်နိုင်(ခ)အရှည်ကြီး (၄၀)နှစ်၊ ဈေးညောင်ကိုင်းကျေးရွာနေ စိုးမိုးအောင်(၃၃)နှစ်၊ ရမည်းသင်းမြို့နယ်၊ ဝါးတိုးရပ်ကွက်နေ ထူးထူးနိုင်(၆၂)နှစ်နှင့် ရွှေပြည်ရန်အောင်ရပ်ကွက်နေ ဝင်းကို(၄၁)နှစ်တို့အား လေးကောင်ဂျင် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၆၉ သိန်းကျပ်၊ ဆိုင်ကယ်မျိုးစုံ ခုနစ်စီးတို့နှင့်အတူ တွေ့ရှိဖမ်း ဆီးရမိသဖြင့် ဝင်းသိုက်ပါ ငါးဦးအား ရွာတန်းနယ်မြေ ရဲစခန်း (ပ)၆၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

 

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

Ministry of Transport and Communications / Posted on November 18, 2025

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on November 12, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on October 31, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023