မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၆၄ မိုင် ၅ ဖာလုံ၌ ယာဉ်တိုက်မှု
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၆၄ မိုင် ၅ ဖာလုံ၌ ယာဉ်တိုက်မှု
Ministry of Home Affairs/ နေပြည်တော် / December 20, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၆၄ မိုင် ၅ ဖာလုံ၌ နေပြည်တော်မှ မန္တလေးသို့ ယာဉ်မောင်း ကျော်မင်း(၄၇)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MDY-20၊ 7K/XXXX LIGHT TRUCK အမျိုးအစား အဖြူရောင်မော်တော်ယာဉ်သည် တရားဝင်လမ်းဖြတ်မှမဟုတ်ဘဲ မန္တလေး-နေပြည်တော်ဘက်ခြမ်းသို့ ရုတ်တရက် ချိုးကွေ့စဉ် လားရာတူလမ်းအတိုင်း အမြန်ယာဉ်ကြောဘက်မှ ယာဉ်မောင်း ဦးညီညီဦး(၄၅)နှစ် မောင်းနှင်သော YGN-6၊ 7G/XXXX TOYOTA ALPHARD အမျိုးအစား အဖြူရောင် မော်တော်ယာဉ်၏ ယာဘက်ကိုယ်ထည်အား ဝင်တိုက်မိရာ TOYOTA ALPHARD ယာဉ်သည် လမ်းလယ်ကျွန်းတွင်ကာရံထားသည့် ဘယ်ရီယာတုံးအား ထပ်ဆင့်ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် လမ်းလယ်ကျွန်းရှိ ဘယ်ရီယာတုံး သုံးတုံး၊ LIGHT TRUCK ယာဉ်၏ ဦးခေါင်းရှေ့ဘန်ဘာ ပိန်ချိုင့်၊ TOYOTA ALPHARD ယာဉ်၏ ရှေ့ဦးခေါင်းပိုင်း ကြေမွ၊ ကိုယ်ထည် ယာဘက်ခြမ်း ပိန်ချိုင့်၊ ယာဘက်လေကာမှန်ကွဲ၊ ရှေ့လေကာမှန်ကွဲ ပျက်စီးဆုံးရှုံးခဲ့ပြီး TOYOTA ALPHARD ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးအနက် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ယာဉ်မောင်း ကျော်မင်းအား ပေပင်လေး အမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Ministry of Information / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်
Ministry of Information / Posted on December 20, 2025
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်
