မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေး


Ministry of Social Welfare, Relief & Resettlement/ မန္တလေးတိုင်းဒေသကြီး / June 05, 2026


မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးကို ၃-၆-၂၀၂၆ ရက်၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ် တက်ရောက်ခဲ့ပါသည်။ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးကော်မတီက ချမှတ် လိုက်တဲ့ မူဝါဒများနဲ့ လမ်းညွှန်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဒေသတွင်းအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့အရင်းအမြစ်များ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ ဒေသတွင်းမှာရှိတဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားစေရေး ဆန်းစစ်ဖော်ထုတ်ပံ့ပိုးပေးခြင်း၊ အမျိုးသမီးများရဲ့ အခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် စပ်လျဉ်းပြီး တိုင်ကြားမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီများရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ အမျိုးသမီးများအရေးဆောင်ရွက်နေတဲ့ အစိုးရမဟုတ်သောအဖွဲ့ အစည်းများရဲ့ လုပ်ငန်းအစီအစဉ်များကို ကြီးကြပ်သုံးသပ်ဆောင်ရွက်ခြင်းနဲ့ လမ်းညွှန်မှုပေးခြင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာများ အသိပညာပေး ဆောင်ရွက်ခြင်း၊ ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်တွင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင် ဌာန/ အဖွဲ့အစည်းများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားရန် ပြောကြားခဲ့ပါ သည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဆွေလင်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်ဌာနဆိုင်ရာအသီးသီးမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပါ သည်။

ထို့နောက် တင်ပြချက်များအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို နေ့လည် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ တိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးသို့ ကော်မတီဝင်ဌာန/ အဖွဲ့အစည်းများ၊ အထူးဖိတ်ကြားထားသူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Ministry of Information / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

Video