မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့် ဒီဇယ်ဆီများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / May 19, 2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့် ဒီဇယ်ဆီများ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ မေ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့် ဒီဇယ်ဆီများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းသို့ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ ဦးသင်း(၄၆)နှစ် မောင်းနှင်လာသည့် SGG-36/3B-XXXX MITSUBISHI CANTER ခြောက်ဘီး အနီရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် ဒီဇယ်ဆီ ၈၆၀ ဂါလန်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဦးသင်းအား အမရပူရမြို့မရဲစခန်း (ပ)၁၄၄/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

Revenue Appellate Tribunal / Posted on July 01, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

Ministry of Information / Posted on July 01, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023