မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / September 15, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဒေသအခေါ် ဆင်ခေါင်းလေးကျေးရွာ၊ ထင်းရှူးတောအနီး မြို့ရှောင်လမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လားရှိုးမြို့မှ မန္တလေးမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို ကျေးရွာနေ သော်ဇင်အောင်(ခ)သော်ကြီး(၃၁)နှစ် မောင်းနှင်လာသည့် MDY-14/5M-XXXX SINO TRUCK ၂၂ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာမြို့သစ်နေ ဘုန်းထက်နိုင်(၁၉)နှစ် မောင်းနှင်လာသည့် MDY/77W-XXXX FZ-150 မော်တော် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ ဘုန်းထက်နိုင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် သော်ဇင်အောင်(ခ)သော်ကြီး အား ပြင်ဦးလွင်မြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
Ministry of Information / Posted on September 21, 2025
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၁/၂၀၂၅)
Myanmar National Human Rights Commission / Posted on September 21, 2025
Myanmar National Human Rights Commission Statement No. (11/2025)
Myanmar National Human Rights Commission / Posted on September 21, 2025