မိတ္ထီလာမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

Ministry of Information/ Naypyitaw / May 21, 2026
image_latest

နေပြည်တော် မေ ၂၀

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အားကစားကွင်း၌ ဘောလုံး၊ ကြက်တောင်နှင့် တင်းနစ်သင်တန်းသား သင်တန်းသူများကို အားကစားနည်းအလိုက် နည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှု၊ Football For School Program ဆိုင်ရာလုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အားကစားအဖွဲ့များအတွက် အင်အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ပြီး လူငယ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် အခြေခံပညာကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

ပေးအပ်

ယင်းနောက် မိတ္ထီလာခရိုင်အားကစားကွင်း၌ Synthetic ပြေးလမ်းခင်းကျင်းပြီးစီးမှုအခြေအနေ၊ ခရိုင်ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားကာ ပံ့ပိုးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

Ministry of Ethnic Affairs / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

Ministry of Ethnic Affairs / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

Video