မုဒုံမြို့၌ မိုးစပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေး တောင်သူပညာပေးဟောပြောပွဲပြုလုပ်
မုဒုံမြို့၌ မိုးစပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေး တောင်သူပညာပေးဟောပြောပွဲပြုလုပ်
Ministry of Cooperatives and Rural Development/ Naypyitaw / May 09, 2025

မုဒုံ မေ ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာသီစပါးအထွက်နှုန်း တိုးတက် မြင့်မားရေးအတွက် တောင်သူအသိပညာပေးဟောပြောပွဲကို မြို့နယ်သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင် ဦးကျော်မြင့် က ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားဧကများ ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ စပါးအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ကြဲခင်းစနစ်ထက် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် အသုံးပြုစိုက်ပျိုးနိုင်ရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မျိုးစေ့ချကိရိယာ(Seeder)များကို ဖြန့်ဝေ ပေးထားခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မိုးစပါးများစိုက်ပျိုးချိန်တွင် စက်ကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးတောင်သူများ၏ လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးသည်။
ဆက်လက်၍ တောင်သူများက မိုးစပါးများ အထွက်နှုန်းတိုးတက်မြင့်မားစိုက်ပျိုးနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များတင်ပြခဲ့ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရာမည

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Ministry of Foreign Affairs / Posted on May 09, 2025
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 06, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on May 03, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။