မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၉ ဦး တရုတ်နိုင်ငံ GXETVI တွင် ပညာသင်ဆုဖြင့် တက်ရောက်ရန်ထွက်ခွာ
မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၉ ဦး တရုတ်နိုင်ငံ GXETVI တွင် ပညာသင်ဆုဖြင့် တက်ရောက်ရန်ထွက်ခွာ
Ministry of Information/ Naypyitaw / April 23, 2026
မြစ်ကြီးနား ဧပြီ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြစ်ကြီးနားတက္ကသိုလ်က နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၉ ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ Guangxi Economic and Trade Vocational Institute (GXETVI) ၌ "Fashion and Apparel Design" ဘာသာရပ်ဖြင့် သုံးနှစ်တာဒီပလိုမာသင်တန်း (Diploma in Fashion and Apparel Design) ကို အပြည့်ပညာသင်ဆု (Full Scholarship)ဖြင့် တက်ရောက်ရန်အတွက် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။
ယခုကဲ့သို့ သွားရောက်ပညာသင်ကြားခြင်းဖြင့် ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) အတွက် အဓိကကျသော အထည်အလိပ်နှင့် ဒီဇိုင်းကဏ္ဍ၌ ခေတ်မီနည်းပညာရှင်များ ပေါ်ထွက်လာစေရန်နှင့် ကုန်ကြမ်းတင်ပို့မှုထက် နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့်ကုန်ချောများကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာများကို သင်ယူခွင့်ရရှိခြင်းကြောင့် ပြည်တွင်းရှိ သက်မွေးပညာကဏ္ဍ (TVET) ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် နည်းပညာကူးပြောင်းမှု (Technology Transfer) များ ရရှိစေရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါ ကျောင်းသား ကျောင်းသူများက ဧပြီ ၂၇ ရက်မှစတင်၍ သင်တန်းများကို တက်ရောက်ကြမည်ဖြစ်ပြီး ယခုပူးပေါင်းဆောင်ရွက်မှုသည် မြစ်ကြီးနားတက္ကသိုလ်၏ နိုင်ငံတကာပညာရေးကဏ္ဍ မြှင့်တင်မှုအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ကာ ဤကဲ့သို့ နိုင်ငံတော်အတွက် ဘဏ္ဍာငွေကုန်ကျမှုမရှိဘဲ ပြည့်စုံသောပညာသင်ဆုအစီအစဉ်ဖြင့် အရည်အသွေးမြင့်ပညာရပ်များကို သင်ယူခွင့်ရရှိခြင်းသည် နိုင်ငံတော်နှင့်တက္ကသိုလ်အတွက် အကျိုးကျေးဇူးများစွာရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ကောင်းကောင်း(မြိတ်)
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
