မြစ်သားမြို့နယ်တွင် မြိုင်ကုန်းလယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ မိုးကြိုဝါစိုက်ပျိုးမည့် အသင်းသားတောင်သူများအားသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / February 25, 2025
image_latest


မြစ်သား ဖေဖော်ဝါရီ  ၂၄

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်သမဝါယမဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသင်းသားတောင်သူတစ်ဦး ချင်းဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ မိုးကြိုဝါစိုက်ပျိုးမည့်သမဝါယမအသင်းသား တောင်သူများ အား  မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်‌ငွေများ ဖြင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ 23 ရက်က အဆိုပါအသင်း ဉက္ကဋ္ဌနေအိမ်တွင် ကျင်းပခဲ့သည်။

         အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက အဖွင့်အမှာစကား ပြောကြားရာတွင် မိုးကြိုဝါစိုက်ပျိုးမည့်အသင်းသားတောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးကောင်းမျိုးသန့်များကို အချိန်မှီစိုက်ပျိုးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ၍ ခေတ်မီနည်းစနစ်များကို အသုံးပြုစိုက်ပျိုးပါက (၁)ဧကအထွက်နှုန်းတိုးပြီး ဝင်‌‌ငွေတိုးတက် ရရှိ‌မှာဖြစ်ကြောင်း၊ ရေရရှိရေးအတွက် သမဝါယမဦးစီးဌာနမှ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း (၄)မျိုးကို ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ အသင်းသားတောင်သူ(၁၄၃)ဦး၊ စိုက်ပျိုးဧက (၄၄၇)ဧကအတွက် မိုးကြိုဝါ စိုက်ပျိုးရန်  (၁)ဧက (၂)သိန်းနှုန်းဖြင့် သွင်းအားစုစု‌ပေါင်းငွေကျပ် (၈၉၄)သိန်းနှင့်ညီမျှသော တောင်သူစိတ်ကြိုက်သွင်းအားစုများကို အသင်းသား‌လက်ဝယ်အ‌ရောက် ထုတ်ပေးခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

          အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုမှတာဝန်ရှိသူများ၊ အခြေခံသမဝါယမအသင်းမှ အမှုဆောင်အဖွဲ့နှင့် ဒေသခံ အသင်းသားတောင်သူများ စုစုပေါင်းအင်အား(၁၂၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)

မန္တလေးတိုင်းဒေသကြီး

Newspaper

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အသိပေးကြေညာချက်

Ministry of Information / Posted on February 25, 2025

အသိပေးကြေညာချက်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း

Naypyitaw Development Committee / Posted on February 24, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023