မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲ ကျင်းပ
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲ ကျင်းပ
Ministry of Information/ Naypyitaw / April 04, 2026
နေပြည်တော် ဧပြီ ၃
အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၊ ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်၊ ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်းက ကျောင်းဆင်းတပ်ခွဲကိုစစ်ဆေးပြီး စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုသည်။
ထို့နောက် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၊ ကျောင်းအုပ်ကြီးက ကုန်သွယ်
ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသော စံပြအရာရှိလောင်း (ရေကြောင်း) ဆုရ ပိုင်ဖြိုး၊ စံပြအရာရှိလောင်း (အင်ဂျင်နီယာ)ဆုရ ရဲသွေးနိုင်၊ စံပြအရာရှိလောင်း (လျှပ်စစ်နည်းပညာ) ဆုရ အရာရှိလောင်း အောင်ကောင်းမြတ်၊ ကုန်သွယ်ရေကြောင်း အရာရှိလောင်း စာပေထူးချွန်ဆုရ ချမ်းမြေ့ကျော်၊ အင်ဂျင်နီယာအရာရှိလောင်း စာပေထူးချွန်ဆုရ စည်သူနိုင်၊ လျှပ်စစ်နည်းပညာအရာရှိလောင်း စာပေထူးချွန်ဆုရ စိုင်းကောင်းသန့်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ထူးချွန်ဆုရ အရာရှိလောင်းခြောက်ဦးနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ ဘွဲ့နှင်းသဘင်အခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်ကျောင်းအုပ်ကြီးက ရေကြောင်းအရာရှိလောင်း ၁၂၄ ဦး၊ ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း ၁၁၇ ဦး၊ ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်း ၃၇ ဦး စုစုပေါင်း ၂၇၈ ဦးတို့ကို ဒီပလိုမာလက်မှတ်နှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၃ ခုနှစ်မှ ယနေ့အထိ ၆၃ နှစ်တာကာလအတွင်း ရေကြောင်းအရာရှိလောင်း ၃၀၆၈ ဦး၊ ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်းနှင့် ရေကြောင်းလျှပ်စစ်နည်းပညာ အရာရှိလောင်း ၃၀၅၉ ဦး စုစုပေါင်းအရာရှိလောင်း ၆၁၂၇ ဦး၊ ရေကြောင်းအရာရှိ ၈၇၄၅၄ ဦး၊ အင်ဂျင်နီယာအရာရှိ
၂၉၅၇၂ ဦးနှင့် အခြားအဆင့်သင်တန်းသား ၁၆၄၂၉၉ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကာ ယနေ့အထိ ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူစုစုပေါင်း ၂၈၇၄၅၂ ဦးတို့ကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ သင်တန်းပြီးမြောက်ခဲ့သည့် အရာရှိလောင်းများအနက် လက်ရှိအချိန်တွင် ရေယာဉ်မှူးကြီး (Captain) အဆင့် ၇၂၁ ဦး၊ ကုန်းပတ်အရာရှိချုပ် (Chief Officer) အဆင့် ၇၀၁ ဦး၊ ဒုတိယတန်းကုန်းပတ်အရာရှိ (Second Officer) အဆင့် ၆၅၂ ဦး၊ တတိယတန်းကုန်းပတ်အရာရှိ (Third Officer) အဆင့် ၈၅၉ ဦးနှင့် အင်ဂျင်နီယာမှူးကြီး (Chief Engineer) အဆင့် ၆၈၅ ဦး၊ ဒုတိယတန်း စက်မှုလက်မှုအရာရှိ (2nd Engineer) အဆင့် ၆၇၂ ဦး၊ တတိယတန်းစက်မှုလက်မှုအရာရှိ (3rd Engineer) အဆင့် ၁၅၃၅ ဦးတို့သည် နိုင်ငံတကာ သင်္ဘောများပေါ်တွင် အမြင့်ဆုံးရာထူးဖြင့် တာဝန်များထမ်းဆောင်လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on April 03, 2026
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
