မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေး
မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေး
Ministry of Information/ Naypyitaw / February 12, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လက်ရှိအသုံးပြုလျက်ရှိသည့် ၁၉၂၀ ပြည့်နှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် ၃၄ ဖြင့် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံကူး လက်မှတ်အက်ဥပဒေသည် လက်ရှိအခြေအနေနှင့်လိုက်လျောညီထွေမှုမရှိ၍ နိုင်ငံကူးလက်မှတ် အတုအပပြုလုပ်ခြင်း၊ အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်းလဲ၍ အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြုစေခြင်း စသည့် မဟုတ်မမှန် လိမ်လည်ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ဥပဒေအသစ်ရေးဆွဲရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)တွင် ပါဝင်သောအကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာ နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (မူကြမ်း)ကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်းသုံးသပ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on February 11, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 11, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Ministry of Information / Posted on February 11, 2026
၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
