မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / August 02, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
သတင်းထုတ်ပြန်ချက်အမှတ် (၉/၂၀၂၅)
၁။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဆက်လက်ခန့်အပ် တာဝန်ပေးအပ်ခဲ့သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်ရန်အလို့ငှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် စတင်ဖွဲ့စည်းခဲ့ပါ သည်။ ကော်မရှင်ကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖွဲ့စည်းမှုအသွင်သဏ္ဌာန်နှင့် လိုက်လျောညီထွေရှိစေရန်၊ ခိုင်မာစွာ ရေရှည်ရပ်တည်နိုင်စေရန်တို့အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး၊ အဆိုပါ ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းခဲ့သည်။
၃။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အဓိက လုပ်ငန်းတာဝန်များဖြစ်သည့် ပြည်သူများအား လူ့အခွင့်အရေး ပညာပေးရေးနှင့် အသိပညာပြန့်ပွားရေး မြှင့်တင်ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေး ဖောက်ဖျက်ခံရခြင်းမရှိစေရန် ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ တည်ဆဲဥပဒေများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များနှင့် လိုက်လျောမှုရှိစေရန် အကြံပြုခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုသင့်သော လူ့အခွင့်အရေးစာချုပ်များကို အစိုးရအဖွဲ့သို့ တင်ပြအကြံပြုခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများသာမက အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ခြင်း စသည့် တာဝန်နှင့် လုပ်ငန်းများကို ရှေ့လုပ်ငန်းစဉ်မူဘောင် (The Framework of Action Plan) နှင့် နှစ်စဉ်လုပ်ငန်းစီမံချက် (Operational Plan) ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
၄။ လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးနှင့်စပ်လျဉ်း၍ ပြည်သူများ လူ့အခွင့်အရေးဆိုင်ရာ အသိအမြင်ဗဟုသုတရရှိစေရန် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ လူမှုအဖွဲ့အစည်းအသီးသီးအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ၄ ကြိမ်၌ တက်ရောက်သူ ၆၁၀ ဦးအား ဟောပြောခဲ့ပြီး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့နှင့် ဝန်ကြီးဌာနများမှဖွင့်လှစ်သော သင်တန်းများတွင် လူ့အခွင့်အရေးသင်ခန်းစာ ပို့ချဆွေးနွေးမှု ၃၅ ကြိမ်၌ နိုင်ငံ့ဝန်ထမ်း သင်တန်း သား/ သူ ၂၈၆၈ ဦးတို့အား ပို့ချဆွေးနွေးခဲ့သည်။
၅။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် တိုင်တန်းချက် ၁၅၉ စောင်ကို လက်ခံရရှိခဲ့ရာ တိုင်တန်းစာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး ၂၉ ကြိမ်ကျင်းပ၍ စိစစ်ဆောင်ရွက်ခဲ့ပါသည်။ အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများ၊ ထိန်းသိမ်းစောင့်ရှောက်ထားခြင်း ခံရသူများကို လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ မရှိတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးလျက်ရှိရာ အကျဉ်းထောင် ၅ ခု၊ အချုပ်ထောင် ၁ ခု၊ အကျဉ်းစခန်း ၇ ခု၊ ရဲစခန်း အချုပ်ခန်း ၄ ခု၊ တရားရုံးအချုပ်ခန်း ၁ ခု၊ လူငယ်သင်တန်း ကျောင်း ၂ ခုနှင့် ဘိုးဘွားရိပ်သာ ၄ ခုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြုချက် ၁၇၉ ချက် ပေးပို့ခဲ့သည်။
၆။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကော်မရှင်၏ ဥပဒေရေးရာ ဆောင်ရွက်ချက်များအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများမှပေးပို့လာသော ဥပဒေ (မူကြမ်း) နှစ်ရပ်အပေါ် လူ့အခွင့်အရေးဆိုင်ရာ သဘောထားအကြံပြုချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များအနက် Convention on the Elimination of All Forms of Discrimination against Women - CEDAW အစီရင်ခံစာနှင့် Convention on the Rights of the Child - CRC အကောင်အထည်ဖော်မှု နိုင်ငံအဆင့် အစီရင်ခံစာများ ပြုစုရာတွင် ပံ့ပိုးကူညီခြင်းတို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များဖြစ်သော မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Persons with Disabilities - CRPD) နှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ် (CEDAW-OP) တို့ကို ဘာသာပြန်ဆိုပုံနှိပ်ခဲ့သည်။
၇။ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်မှုအနေဖြင့် ကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် အစည်းအဝေး ၁ ကြိမ်၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်လုပ်ငန်းအဖွဲ့ အစည်း အဝေး ၂ ကြိမ်၊ အဆင့်မြင့် အစည်းအဝေး ၁ ကြိမ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။ နိုင်ငံတကာနှင့် ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ကျင်းပသော လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် အစီအစဉ်များသို့ ၆ ကြိမ် ပါဝင်တက်ရောက်ခဲ့သည်။
၈။ ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အစီရင်ခံစာများ ပြုစုခြင်းနှင့် သင့်လျော်သလို ထုတ်ပြန်ခြင်းများဆောင်ရွက်ရန် တာဝန်ရှိသည့်အလျောက် ကော်မရှင်၏ဆောင်ရွက်ချက်သတင်းများကို ပြည်သူအများသိရှိနိုင်စေရန် နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများ၊ ကော်မရှင် Website နှင့် Myanmar National Portal တို့တွင် ဖော်ပြလျက်ရှိသည့်အပြင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်များကိုလည်း အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိသည်။
၉။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်အနေဖြင့် နိုင်ငံသားတို့၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းတာဝန်များကို ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on August 02, 2025
နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on August 02, 2025
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
Myanmar National Human Rights Commission Statement No. (9/ 2025)
Myanmar National Human Rights Commission / Posted on August 02, 2025