မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် စတင်တည်ထောင်သည့် ၁၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း


Myanmar National Human Rights Commission/ Yangon / September 05, 2025


   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်စတင်တည်ထောင်ခြင်း ၁၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ ကော်မရှင်ရုံး Conference Room တွင် ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် ကော်မရှင်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၅-၉-၂၀၁၁ ရက်စွဲပါရုံးအမိန့်အမှတ် ၃၄/၂၀၁၁ ဖြင့်စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယနေ့ ၅-၉-၂၀၂၅ ရက်နေ့ တွင် ၁၄ နှစ်မြောက် ဆင်စွယ်ရတုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ ကော်မရှင်စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့မှစ၍ ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် လူ့အခွင့်အရေးကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့ပါကြောင်း၊ ကော်မရှင်ဖွဲ့စည်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအပါအဝင် ကော်မရှင်၏ တာဝန်များကို ကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊ ကော်မရှင်သက်တမ်း ၁၄နှစ်တာကာလအတွင်း အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူအားလုံးကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ကော်မရှင်၏ ရည်ရွယ်ချက်သည် လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးဖြစ်ရာ တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်၍မရဘဲ အဖွဲ့အစည်းဖြင့် စုပေါင်းလုပ်ကိုင်မှသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်သည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်မူဘောင်နှင့် နှစ်စဉ်လုပ်ငန်းစီမံချက်တို့ဖြင့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။

   ထို့နောက် အခမ်းအနားအစီအစဉ်အရ ကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးဝင်းမြ၊ ကော်မရှင်အဖွဲ့ဝင်(ငြိမ်း)များဖြစ်ကြသည့် ဦးညွန့်တင်နှင့် ဒေါက်တာ ဒေါ်တင်မေထွန်းတို့က ဂုဏ်ယူဝမ်းမြောက်စကားပြောကြားကြပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း)၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ(ငြိမ်း)၊ ကော်မရှင်အဖွဲ့ဝင်(ငြိမ်း)များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Naypyitaw Development Committee / Posted on September 04, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Ministry of Information / Posted on September 05, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊...

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)

Ministry of Information / Posted on September 05, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023