မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(ချုပ်) နှစ် (၃ဝ) ပြည့် ဂုဏ်ပြုပွဲ ကျင်းပ


Ministry of Information/ Naypyitaw / December 22, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃ဝ)ပြည့် ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ အဆိုပါအသင်းချုပ် Function Hall ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့က Video Message ပေးပို့၍ ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယက ဦးဟန်ဇော်က ဂုဏ်ပြုစကားပြောကြားပြီး အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ နှစ်(၃၀)ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၁၉၉၅ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နှစ်(၃၀)ပြည့် အခမ်းအနားကျင်းပရေးအတွက် မတည်အလှူရှင်များ၊ မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အလှူရှင်များ၊ စာမူရှင်များနှင့် ပါဝင်ကူညီခဲ့သူများနှင့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စစ်ဆေးတိုင်းတာမှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်သည်။

ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် စတင်ဖွဲ့စည်းစဉ်နှင့် အသင်းသက်တမ်းတစ်လျှာက် အတွေ့အကြုံများနှင့် မျက်မှောက်ကာလ အတွေ့အကြုံများကို မျှဝေဆွေးနွေးဟောပြောကြသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် အင်ဂျင်နီယာလောကသားများအတွက် ၁၉၉၅ ခုနှစ်မှစတင်ခဲ့သော မြန်မာနိုင်ငံကိုယ်စားပြုအသင်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နှစ်(၃၀)ပြည့်မြောက်ခဲ့ပြီဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ “အင်ဂျင်နီယာစွမ်းအား ပြည်ထွန်းကား ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍများ၊ လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Knowledge Sharing Program လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစဉ်ူအမြဲ ဝိုင်းဝန်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023