မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမြို့၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြ၍ နှစ်သစ်အခါသမယကို ကြိုဆို


Ministry of Information/ Naypyitaw / April 18, 2026
image_latest


မန္တလေး ဧပြီ ၁၇

ယနေ့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာသော မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအခါသမယဖြစ်ရာ မန္တလေးမြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာပြည်သူများ၊ မြို့နယ်၊ရပ်ကွက်များ၌ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြသူများ၊ သီတင်းသီလဆောက်တည်ကြသူများနှင့် ဇီဝိတဒါန ဘေးမဲ့လွှတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ယနေ့နံနက် အရုဏ်တက်မှစ၍ မဟာမုနိရုပ်ပွားတော်မြတ်အား မျက်နှာသစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး မန္တလေးဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ငါးကန်တွင် ဇီဝိတဒါနငါးလွှတ်ခြင်း၊ အစာကျွေးခြင်းစသည့်ကောင်းမှုအစုစုတို့ကို ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာမပျက် ထိန်းသိမ်းစောင့်ရှောက်လျက် ကုသိုလ်ကောင်းမှုပြုကြသည်။

ထို့ပြင် အောင်တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ စွယ်တော်မြတ်စေတီ၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ ကျောက်စိမ်းစေတီတော် စသည့် ဘုရားစေတီတို့တွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိရာ စေတနာရှင် အလှူရှင်များကလည်း စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း သက်ကြီးဘိုးဘွားများအား ကန်တော့ခြင်း၊ ဂါရဝပြုအလှူပစ္စည်းများပေးအပ်ခြင်း၊ အာဟာရဒါနကျွေးမွေး လှူဒါန်းခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း စသည့်ကုသိုလ်ဒါနများကိုလည်း ပြုလုပ်ခဲ့ကြသည်။

ညနေပိုင်းတွင် မန္တလေးမြို့အတွင်းရှိ ရပ်ကွက်များ၊ လမ်းများ၊ ဓမ္မာရုံများ၌ ဆရာတော်၊ သံဃာတော်များပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ကမ္မဝါစာများ နာကြားကြကာ နှစ်သစ်တွင် မကောင်းမှုကင်းစင်၍ ကောင်းမှုမင်္ဂလာများ တိုးပွားစေရန် ကုသိုလ်ပွားများကြသည်။

သို့ဖြစ်၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် နှစ်ဟောင်းမှ မကောင်းမှုအညစ်အကြေးများ ကင်းစင်လွင့်ပျောက်၍ နှစ်သစ်တွင် ကောင်းကျိုးမင်္ဂလာများတိုးပွားစေရန် ရည်ရွယ်ကာ မန္တလေးမြို့တော်တစ်ခွင်လုံး၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video