မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံ၏ အမှန်တရားနှင့် တရားမျှတမှုအတွက် ခုခံချေပခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာ
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံ၏ အမှန်တရားနှင့် တရားမျှတမှုအတွက် ခုခံချေပခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာ
Ministry of Information/ Naypyitaw / January 14, 2026
နေပြည်တော် ဇန်နဝါရီ ၁၃
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အမှန်တရားနှင့် တရားမျှတမှုအတွက် ခုခံချေပခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်တစ်စောင်ကို ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ် သို့ကူးပြောင်းကာ နိုင်ငံတော်သစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့် အချိန်အခါဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးလိုအပ်လျက်ရှိကြောင်း၊ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ရင်ဆိုင်နေရသောအမှုကိစ္စသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုလည်းဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် မိမိ၏အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွယှဉ်တွဲနေထိုင်သည့် ခိုင်မာသော အစဉ်အလာကောင်းများကို အစဉ်တစိုက်ထိန်းသိမ်းခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ ယခုဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့သို့ သွားရောက်ကာ တရားမျှတမှုနှင့် အမှန်တရားကိုလက်ကိုင်ထား၍ မြန်မာနိုင်ငံအတွက် အစွမ်းကုန်လျှောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကိုယ်စားလှယ်အဖွဲ့၏ ICJ သို့ တင်ပြချက်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အမှန်တရားကို မြတ်နိုးတန်ဖိုးထားကြသည့် မြန်မာ ပြည်သူပြည်သားများ၏ ဆန္ဒသဘောထားများနှင့် တစ်ထပ်တည်းကျလျက်ရှိကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် အမှန်တရားဘက်မှ ရပ်တည်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်အဖွဲ့၏ကြိုးပမ်းမှုများကို ကျွန်ုပ်တို့ အပြည့်အဝထောက်ခံအားပေးကြောင်း။
အပြည်ပြည်ဆိုင်ရာတရားရုံးရှိ ဂုဏ်သရေရှိတရားသူကြီးများအနေဖြင့်လည်း မိမိတို့၏မွန်မြတ်လှသော တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်သိက္ခာကိုထိန်းသိမ်းလျက်၊ မည်သည့်အစွဲအလမ်းမျှမပါဘဲ အခြေအနေမှန်နှင့် အဖြစ်မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန်ဆန်းစစ်သုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း၊ နိုင်ငံတကာဥပဒေနှင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့် အခြေအနေများအပေါ် အပြန်အလှန်လေးစားလိုက်နာမှုရှိသော အဖြေတစ်ခုထွက်ပေါ်လာရေးအတွက် အဖြစ်မှန်များကို မျှတစွာသုံးသပ်ဆုံးဖြတ်ရန်မှာ အလွန်ပင်အရေးကြီးကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က သတင်းထုတ်ပြန်အပ်ပါကြောင်း ဖော်ပြထားသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Announcement
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ
Ministry of Information / Posted on January 14, 2026
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ
Certificate in Agribusiness Management-CABM(Batch I) သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
