မြန်မာ့မီးရထားအနေဖြင့် မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးမည်


Ministry of Information/ Naypyitaw / April 08, 2026
image_latest


နေပြည်တော် ဧပြီ ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် အဆန်အထူး DEMU (စပိန်)ရထားသည် ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် စတင်ထွက်ခွာပြီး နေပြည်တော်သို့မွန်းတည့် ၁၂ နာရီတွင်ရောက်ရှိမည်ဖြစ်သည်။ အစုန် အထူး DEMU(စပိန်)ရထားသည် နေပြည်တော်မှ မွန်းလွဲ ၁၂ နာရီခွဲတွင် စတင်ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ အဆိုပါ အဆန်အထူး DEMU (စပိန်)ရထားနှင့် အစုန်အထူး DEMU (စပိန်)ရထားတို့ ပြေးဆွဲမည့်နေ့ရက်များမှာ ဧပြီ (၁၀ ၊ ၁၁၊ ၁၂၊ ၁၉ ၊၂၀) ရက်များဖြစ်သည်။

ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အဆန်အထူးလေအိတ်ရထားသည် ရန်ကုန်မှ မွန်းလွဲ ၁ နာရီတွင် စတင်ထွက်ခွာပြီး ည ၈ နာရီ ၅၅ မိနစ်တွင် ပြည်မြို့သို့ရောက်ရှိမည်ဖြစ်သည်။ အစုန်အထူးလေအိတ် ရထားသည် ပြည်မြို့မှ ည ၁၀ နာရီခွဲတွင် စတင်ထွက်ခွာပြီး နံနက် ၆ နာရီခွဲတွင် ရန်ကုန်မြို့သို့ရောက်ရှိမည်ဖြစ်သည်။ အဆိုပါ အဆန် အထူးလေအိတ်ရထားနှင့် အစုန်အထူး လေအိတ်ရထားတို့ ပြေးဆွဲမည့်နေ့ရက်များမှာ ဧပြီ (၁၀၊ ၁၁၊ ၁၂၊ ၁၉၊ ၂၀)ရက်များဖြစ်သည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် အဆန်အထူးလေအိတ်ရထားသည် ရန်ကုန်မှ နံနက် ၉ နာရီ ၁၅ မိနစ်မှာ စတင်ထွက်ခွာပြီး မော်လမြိုင်သို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ပြေးဆွဲမည့် နေ့ရက်မှာ ဧပြီ (၁၀၊ ၁၁၊ ၁၂၊ ၁၉၊ ၂၀)ရက်များဖြစ်သည်။ အစုန်အထူး လေအိတ်ရထားသည် မော်လမြိုင်မှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်မြို့သို့ ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။ အဆိုပါ အထူးလေအိတ်ရထားပြေးဆွဲမည့် နေ့ရက်များမှာ ဧပြီ(၁၁၊ ၁၂၊ ၁၉၊၂၀၊ ၂၁ )ရက်များဖြစ်သည်။

အထက်ပါနေ့ရက်များအလိုက် ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ကြောင်းနှင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်လမ်းပိုင်းတွင် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင်ဝယ်ယူနိုင်ကြောင်း၊ ထို့အပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ပုံမှန်ရထားများနှင့် အထူးရထားများအတွက် Online မှလက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System - ORTP) စနစ်ဖြင့် ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးဘူတာများအတွက် ခုနစ်ရက်နှင့် ကြားဘူတာများတွက် သုံးရက်ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်သည်။

အထက်ပါ ထပ်တိုးပြေးဆွဲပေးသည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးလေအိတ်ရထားများတွင် အထက်တန်း ခြောက်တွဲနှင့် ရိုးရိုးတန်းရှစ်တွဲ၊ ဘရိတ်တွဲတစ်တွဲဖြင့် ဝန်ချိန်ပြည့် ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။

သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက်အထိ ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးအမြန်ရထားအချို့ ပြေးဆွဲမှုခေတ္တရပ်နားထားမည်ဖြစ်ရာ ရန်ကုန်-မန္တလေးရထား လမ်းပိုင်းတွင် အမှတ်(၇)အဆန်၊ (၈)အစုန်၊ (၃၁)အဆန်၊ (၃၂)အစုန်၊ (၃၃)အဆန်၊ (၃၄)အစုန် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ် DEMU ရထားများ၊ အမှတ်(၂၇) အဆန်၊ (၂၈)အစုန် နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ် BEL ရထား၊ အမှတ်(၁)အဆန်၊ (၂)အစုန် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ် စာပို့ရထား၊ အမှတ်(၁၅)အဆန်၊ (၁၆)အစုန်၊ ရန်ကုန် - ပဲခူး-ရန်ကုန် DEMU ရထား၊ အမှတ် (သ-၃၀၁)အဆန်၊ (၃၀၂)အစုန် သာစည်-မန္တလေး-သာစည် ခရီးတို RBE ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ်(၇၁)အဆန်၊(၇၂)အစုန် ရန်ကုန်-ပြည်-ရန်ကုန်ခရီးစဉ် လူစီးအမြန်ရထား၊ အမှတ် (၆၅)အဆန်၊ (၆၆)အစုန် အင်းစိန်-ဥက္ကံ-အင်းစိန်ခရီးစဉ် စာပို့ရထားတို့ဖြစ်သည်။

ထို့အတူ ရန်ကုန်မြို့ပတ် ရထားများကိုလည်း ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ခေတ္တရပ်နားထားမည်ဖြစ်သည်။

 ရန်ကုန်-ပုဂံလမ်းပိုင်း၌အမှတ်(၆၁)အဆန်၊ (၆၂)အစုန် ရန်ကုန်-ပျဉ်းမနား -ပုဂံခရီးစဉ် ရထားများကို ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ ပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်ပြီး ရထားခရီးစဉ်အားလုံး ဧပြီ ၁၇ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ်(၈၁)အဆန်၊အမှတ်(၈၂)အစုန်လူစီးအမြန်ရထား၊ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၃)အဆန် ၊ အမှတ်(၆၄)အစုန် လူစီးစာပို့ရထား ၊ သာစည်-တောင်ကြီးလမ်းပိုင်း၌ အမှတ်(၁၄၁)အဆန်၊ အမှတ်(၁၄၂)အစုန်စာပို့ ရထား ၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၌ အမှတ် (၁၀၃)အဆန်၊ အမှတ်(၁၀၄)အစုန်လော်ကယ်ရထား၊ လက်ပံတန်း-သာရဝေါ လမ်းပိုင်း ၌ အမှတ် (၁၉၅)အဆန်၊ အမှတ်(၁၉၆) အစုန် လော်ကယ်ရထား၊ မြစ်ကြီးနား -မိုးကောင်းလမ်းပိုင်း၌ မိုးကောင်း(၁)၊ မိုးကောင်း(၂)လူစီး ရထားနှင့် ပုသိမ်-ကြံခင်းလမ်းပိုင်း၌ အမှတ်(၁၈၁)အဆန်၊ အမှတ် (၁၈၂)အစုန် လူစီးရထားများအား သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း နေ့စဉ်ပုံမှန် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့အတူ ရှုခင်းကြည့်ရထားများဖြစ်သည့် ပြင်ဦးလွင်-ဂုတ်ထိပ်၊ တောင်ကြီး-ပေါမူခရီးစဉ်များကိုလည်း သင်္ကြန်ပိတ်ရက်ကာလအတွင်း စီးနင်းလိုသည့်ခရီးသည်များရှိပါက ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

Ministry of Transport and Communications / Posted on April 03, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

Video