မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန်လူစီးအမြန်ရထားအား ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန်လူစီးအမြန်ရထားအား ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ
Ministry of Information/ Naypyitaw / May 02, 2026
နေပြည်တော် မေ ၁
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှတောင်ငူအထိ ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA Loan)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည်။ တောင်ငူ - နေပြည်တော်နှင့် နေပြည်တော်- မန္တလေးရထားလမ်းပိုင်းအား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ရန်ကုန်-မန္တလေး အဓိက ရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများတိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချခြင်း၊ ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန် လူစီးအမြန်ရထားများကို ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းများဖြင့် ယနေ့မှစ၍ စတင်ပြေးဆွဲပေးသည်။
ရန်ကုန်ဘူတာကြီး စင်္ကြံအမှတ်(၁)တွင် အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး ခေတ်မီလေအေးပေးစက်ပါ DEMU ရထားခရီးစဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများ၊ ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ပြေးဆွဲမည့် ရထားတွဲဆိုင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ယင်းနောက် မန္တလေးသို့ စီးနင်းလိုက်ပါကြမည့် ခရီးသည်များအား လိုက်လံနှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ နံနက် ၆ နာရီတွင် ရထားစတင်ထွက်ခွာသည်။
အလားတူ ယနေ့နံနက်ပိုင်းက မန္တလေးဘူတာကြီး အမှတ်(၁)စင်္ကြံတွင် အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် ခေတ်မီ လေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများ၊ ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ ပြေးဆွဲမည့်ရထားတွဲဆိုင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ရန်ကုန်သို့ စီးနင်းလိုက်ပါမည့် ခရီးသည်များအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း/အမှုထမ်းများသည် နေပြည်တော်ဘူတာကြီး၌ မန္တလေးမှ ထွက်ခွာဆိုက်ရောက်လာသော အမှတ်(၆) အစုန်ခေတ်မီ DEMU ရထားခရီးစဉ်ဖြင့် လိုက်ပါလာကြသည့် ခရီးသည်များအားလည်းကောင်း၊ ရန်ကုန်မှ ထွက်ခွာဆိုက်ရောက်လာသော အမှတ်(၅)အဆန် ခေတ်မီ DEMU ရထားခရီးစဉ်ဖြင့် လိုက်ပါလာကြသည့် ခရီးသည်များအားလည်းကောင်း ကြိုဆိုနှုတ်ဆက်ကြပြီး နေပြည်တော်မှ ရန်ကုန်နှင့် မန္တလေးသို့ စီးနင်းလိုက်ပါမည့် ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
အဆိုပါ အမှတ်(၅)အဆန်/(၆)အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတွင် ပထမတန်း လေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်းတွဲ ခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစအဆုံးတစ်ဦးလျှင် ပထမတန်းငွေကျပ် ၃၄၀၀၀ နှင့် အထက်တန်း ငွေကျပ် ၄၈၀၀၀ နှုန်းကျသင့်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာ စုစုပေါင်းကိုးဘူတာ ရပ်တန့်ပေးမည်ဖြစ်ကာ အမှတ်(၅) အဆန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်မှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ညနေ ၄ နာရီတွင် လည်းကောင်း၊ အမှတ်(၆)အစုန် DEMU လူစီးအမြန်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ရာ ရထားပြေးဆွဲချိန် ၁၀ နာရီသာကြာမြင့်မည်ဖြစ်သည်။
မြန်မာ့မီးရထားသည် ယခုတိုးချဲ့ပြေးဆွဲပေးသည့် ရထားခရီးစဉ်များအပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ်(၁၁)အဆန်၊ (၁၂)အစုန် လူစီးအမြန်ရထားခရီးစဉ်များကိုလည်း ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။ ယခင်က ရန်ကုန်မှ မန္တလေးအထိ ပြေးဆွဲချိန် စုစုပေါင်း ၁၉ နာရီခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါလမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ခေတ်မီစက်ခေါင်း/တွဲဆိုင်းများ အသုံးပြုလာနိုင်ပြီဖြစ်၍ ရထားအမြန်နှုန်း တိုးမြှင့်လိုက်သဖြင့် ရန်ကုန် - မန္တလေး ခရီးစဉ်တွင် စုစုပေါင်းပြေးဆွဲချိန် ၁၀ နာရီခန့်ဖြင့် သိသာစွာ လျှော့ချပေးနိုင်ခဲ့ပြီး ရထားစီးခရီးသည်များ ပိုမိုစိတ်ချမ်းမြေ့စေရေး အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Ministry of Information / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
