မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်စွာဆင်နွှဲ


Ministry of Information/ Naypyitaw / April 15, 2026
image_latest


နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက်ကျင်းပခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်သည် ယခုမြန်မာနှစ်သစ်အဖို့ ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားသည့်ပွဲတော်ကြီးအဖြစ် ရှုမြင်နေရပြီဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီနိုင်ငံရေးအခင်းအကျင်းသစ် စတင်အကောင်အထည်ဖော်သည့် ပြည်သူကရွေးချယ်တင်မြှောက်ခဲ့သော နိုင်ငံတော်အစိုးရအဖွဲ့သစ် စတင်တာဝန်ယူဆောင်ရွက်မှုနှင့်အတူ နိုင်ငံတော်နှင့်ပြည်သူ အေးချမ်းသာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း နှစ်သစ်မင်္ဂလာကို သင်္ကြန်အတာရေစင်ပက်ဖျန်းပြီး ဖွင့်လှစ်ကြိုဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလဆုတ် ၁၂ ရက် (ဧပြီလ ၁၃ ရက်နေ့) သင်္ကြန်အကြိုနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် နေပြည်တော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ယခုနှစ်ကျင်းပသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတော်သည် နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအားလုံးပူးပေါင်းပြီး စိတ်သစ်လူသစ်၊ နိုင်ငံရေးအခင်းအကျင်းအသစ်တွင် အစိုးရနှင့်ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းညီညွတ်မှုကို ညွှန်းဆိုဖော်ပြလိုက်သည့် ပွဲတော်ဖြစ်သည်။ အလားတူ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များအားလုံးတွင်လည်း အစိုးရနှင့်ပြည်သူ လက်တွဲကြည်ဖြူ ပျော်ရွှင်ချမ်းမြေ့မှုများကို တွေ့မြင်နေရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်စွာဆင်နွှဲနေကြပြီဖြစ်သည်။ နေပြည်တော်သင်္ကြန်ပွဲတော်တွင် ဝန်ကြီးဌာနများအလိုက် သင်္ကြန်ရေကစားမဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာရေကစားမဏ္ဍပ်များ၊ မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်၊ လက်ဖက်ပွဲတော်မဏ္ဍပ်နှင့် ထမနဲမဏ္ဍပ်များ၊ စတုဒိသာ အကျွေးအမွေးမဏ္ဍပ်များ၊ ယိမ်းအကအဖွဲ့များနှင့် နာမည်ကျော်အဆိုတော်များ၏ သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ မန္တလေးမြို့တွင် လမ်းလျှောက်သင်္ကြန်၊ စက်ဘီးသင်္ကြန်၊ မြို့မတေးဂီတအဖွဲ့နှင့် ယိမ်းအကအလှ ဖျော်ဖြေတင်ဆက်မှုများသည် ကြည့်မဝနိုင်ဖြစ်ရသည်။

ယခင်က အစည်ကားဆုံးဖြစ်ခဲ့သည့် ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်အဖြစ် ရေပက်ကစားကြပြီး သနပ်ခါးလူးပွဲတော်ကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်သည့် ထူးခြားသောယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သဖြင့် မြန်မာ့ယဉ်ကျေးမှုကို ညစ်နွမ်းစေသောအပြုအမူ လုပ်ကိုင်ဆောင်ရွက်မှုများကို ရှောင်ရှားကြရမည်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာဆင်နွှဲကြခြင်းသည် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်းဖြစ်သည်။

၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့ကြောင့် အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားဖျော်ဖြေခြင်းများကို ပြုလုပ်ခြင်းမပြုဘဲ လမ်းလျှောက်သင်္ကြန်အဖြစ် ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ မဏ္ဍပ်များတွင် ယိမ်းအကအဖွဲ့များ ဖျော်ဖြေတင်ဆက်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးသူမများအား ခေါင်းလျှော်ပေးခြင်း၊ လက်သည်းညှပ်ပေးခြင်း၊ ဆေးဝါးများလှူဒါန်းခြင်း၊ အာဟာရကျွေးမွေးခြင်း၊ စေတီဘုရားကျောင်းကန်များတွင် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ ငါးလွှတ်ခြင်းကဲ့သို့ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းစသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အစဉ်အလာမပျက်ပြုလုပ်ကြရာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည်လည်း အေးချမ်းသာယာဝပြောမှုကို ဆောင်ကြဉ်းပေးမည့်သဘောဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုန်လွန်ခဲ့သောနှစ်ဟောင်းတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ စသည့်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အခက်အခဲများကြားမှ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို နိုင်ငံတော်အစိုးရနှင့်ပြည်သူ လက်တွဲညီညီ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မည့် အချိန်အခါကာလတွင် နိုင်ငံတစ်ဝန်းကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲနှင့်မတူသော နိုင်ငံတော်အစိုးရသစ်၊ ပြည်သူက ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများအားလုံးပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွအားလုံးပျော်ရွှင်စွာ ဆင်နွှဲကြသည့်၊ အနှစ်သာရပြည့်ဝသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကြီးတစ်ခုဟု ရှုမြင်ရမည်ဖြစ်ပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video