မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများအသင်းမှ သက်ကြီးဝန်ထမ်းဟောင်းများအား ဂါရဝပြုပွဲနှင့် ဝန်ထမ်းဟောင်းများတွေ့ဆုံပွဲ ကျင်းပ


Ministry of Information/ Naypyitaw / December 22, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၁

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများအသင်းမှ သက်ကြီးဝန်ထမ်းဟောင်းများအား ဂါရဝပြုပွဲနှင့် ဝန်ထမ်းဟောင်းများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Studio-A ၌ ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများအသင်းမှ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဂါရဝပြုခံသက်ကြီးဝန်ထမ်းဟောင်းများ၊ အသင်းသားအသင်းသူများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဝန်ထမ်းဟောင်းများအသင်း၏ မှတ်တမ်းဗီဒီယိုကိုပြသပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများအသင်းနာယက ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ အသင်းဥက္က​ဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူး(ရန်ကုန်ရုံး) တာဝန်ခံဒေါ်လိန်းမောင်းပန်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ကိုယ်စား အသင်းရန်ပုံငွေအတွက် အလှူငွေကျပ် ၁၀ သိန်းကို အသင်းဥက္ကဋ္ဌထံပေးအပ်ပြီး အသင်းဥက္ကဋ္ဌက နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိသူများဖြစ်ကြသည့် အသင်းနာယကညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဦးခင်မောင်ဌေး၊ အသင်းနာယက စည်သူ​ဒေါ်တင်တင်မြ၊ ဒေါ်စိုးမာလာ ကိုယ်စားဒေါ်လတ်လတ်မြင့်တို့အား လက်ဆောင် များပေးအပ်ကာ အသင်းနာယကများက သက်ကြီးဝန်ထမ်းဟောင်းများအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ကြသည်။

ဂါရဝပြုပွဲသို့ မတက်ရောက်နိုင်ကြသည့် သက်ကြီးဝန်ထမ်းဟောင်းများအား အိမ်တိုင်ရာရောက် ဂါရဝပြုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်​​။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဝင်းကြည်က အသင်းသို့ လစဉ်အလှူငွေများ လှူဒါန်းလျက်ရှိသည့် ဂုဏ်ထူးဆောင်အလှူရှင်နှင့် အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ပြီး ဂါရဝပြုခံသက်ကြီးဝန်ထမ်းဟောင်းများကိုယ်စား အသင်းနာယက စည်သူဒေါ်တင်တင်မြက မုဒိတာစကားပြောကြားသည်။

အဆိုပါအသင်းကို ၂၀၁၂ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ပြီး ဝန်ထမ်းဟောင်းများ အချင်းချင်းထိတွေ့ ဆုံစည်းမှုရရှိစေရန်၊ နာမကျန်းဖြစ်သည့် ဝန်ထမ်းဟောင်းများအား လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အကူအညီများပေးအပ်ရန်၊ အခြားလူမှုရေးဆိုင်ရာပရဟိတလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်ရန်နှင့် မိခင်ဌာနနှင့် အဆက်မပြတ်စေဘဲ ဌာန၏လှုပ်ရှားမှုများတွင် လိုအပ်သလို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023