မြိတ်မြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
မြိတ်မြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / March 19, 2026
မြိတ် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးခဲ့သည့် ကျေးရွာအဝင်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းလုပ်ငန်းများကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် လွတ်လွတ်ကျေးရွာ အဝင်လမ်း အရှည်(၀/၄)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း၊ စလွန်း-တောင်ဖီလာ ကျေးရွာချင်းဆက်လမ်း အရှည်(၀/၄)မိုင်၊ အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း၊ ပြည်ထောင်စု ပြင်/ထိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော မရင်းငယ်ဖျား-ရွှေဒူး ပြည်ထောင်စုလမ်း အနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန်နှင့် ပြုပြင်ရန် လိုအပ်လျက်ရှိသော (၅x၅x၂၄ )ပေ Box Culvert များနှင့် စလွန်း- ရှမ်းတောင်ကျေးရွာ ချင်းဆက်လမ်း (၀/၆)မိုင် ကွန်ကရစ်လမ်းသစ်ခင်းရန် လုပ်ငန်းလျာထားဆောင်ရွက်ခြင်းကို မြိတ်မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)က လိုက်လံရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက်)
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
Announcement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း