မြိတ်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်


Ministry of Cooperatives and Rural Development/ Naypyitaw / May 14, 2026
image_latest


မြိတ်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

‎************************************************************************

‎မြိတ်          မေ        ၁၄      

‎‎သမဝါယမနှင့်ကျးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၃ ရက်နေ့နံနက်ပိုင်းက စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎အခမ်းအနားတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ သင်တန်းကာလ ပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ လွှဲပြောင်းပေးအပ်ပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

‎‎အဆိုပါသင်တန်းကို မေလ ၁၃ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ထိ သင်တန်းကာလ ၄၅ ရက်ကြာ ကျွမ်းကျင်နည်းပြဆရာမများက အခြေခံအပ်ချုပ်ခြင်းဆိုင်ရာ အတတ်ပညာများကို သင်ထောက်ကူ ပစ္စည်းစုံလင်စွာဖြင့် စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြိတ်မြို့နယ်အတွင်းရှိ ​ကျောက်ဖြူ​တောင်​ကျေးရွာ၊ ရေမြစ်ကြီးကျေးရွာ၊ ကျွဲကူး‌ကျေးရွာ၊ ကုန်းမြင့်သာယာကျေးရွာနှင့် ရွှေဒူး​ကျေးရွာတို့မှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Video