မြိတ်မြို့နယ် ကွမ်းသီးချောင်ကျေးရွာ၌ မြေအောက်ရေရှာဖွေတိုင်းတာခြင်းများဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / February 17, 2025
image_latest


မြိတ်မြို့နယ် ကွမ်းသီးချောင်ကျေးရွာ၌ မြေအောက်ရေရှာဖွေတိုင်းတာခြင်းများဆောင်ရွက်

***************************

မြိတ်      ဖေဖော်ဝါရီ       ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေလေလွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် မြိတ်မြို့နယ်၊ ကွမ်းသီးချောင်ကျေးရွာ၌ မြေအောက်ရေတိုင်းတာခြင်း (Geophysical Survey)ကို တာဝန်ရှိသူများက (၁၆-၂-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုး၊ မြိတ်မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် မြေအောက်ရေရှာဖွေတိုင်းတာရေးအဖွဲ့ တာဝန်ရှိသူများက ကွမ်းသီးချောင်ကျေးရွာ သောက်သုံးရေ ရရှိရေးကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့်အတူ မြေအောက်ရေရှာဖွေတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ပြီး ခရိုင်ဦးစီးမှူးက ကျေးရွာရေ ရရှိရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများအား မြေအောက်ရေရှာဖွေတိုင်းတာရခြင်း၏ အားသာချက်များ၊ သောက်သုံးရေ ရရှိနိုင်သည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ မဆောင်ရွက်မီကတည်းက မြေအောက်ရေရှာဖွေတိုင်းတာခြင်းများ ကြိုတင်ဆောင်ရွက်ထားသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိသည့်အပြင် ကျေးလက်နေပြည်သူများအတွက် ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိနိုင်မည်ဖြစ်ကြောင်း မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

Newspaper

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ

Ministry of Information / Posted on March 13, 2025

နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

Ministry of Transport and Communications / Posted on March 11, 2025

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်

Ministry of Information / Posted on March 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023