မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / November 13, 2025
မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
******************************
မြို့သစ် နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မ်ြု့နယ်ဦးစီးမှူး ဒေါ်မေသူအောင်နှင့် တာဝန်ရှိသူများသည် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် အတူ တပ်ကုန်းကျေးရွာတွင်းလမ်းအရှည် ၄၆၀ ပေ လမ်းအကျယ် ၁၂ ပေ ထု ၆ လက်မ ကွန်းကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား ကွန်ကရစ်လမ်းအား စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်စီမံကိန်းအတိုးရငွေမှ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ရရှိသော ငွေကျပ်သိန်း ၁၃၀ နှင့်ပြည်သူထည့်ဝင်ငွေကျပ် သိန်းတစ်ရာ၊ စုစုပေါင်းငွေကျပ် သိန်း ၂၃၀ ဖြင့် ယခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ လူ ၅၈၇ ဦး၏ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများအား ရာသီမရွေး လွယ်ကူစွာ သွားလာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
Ministry of Cooperatives and Rural Development / Posted on November 13, 2025
သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
Ministry of Cooperatives and Rural Development / Posted on November 13, 2025
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(သာသနာရေး)၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ၂ နေရာ၊ ယာဉ်မောင်း(၅) ၁ နေရာ၊ သန့်ရှင်းရေးအကူ ၁ နေရာတို့အတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Religious Affairs & Culture / Posted on November 12, 2025
လျှောက်လွှာပုံစံ
