မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / March 09, 2026
image_latest


မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

‎******************************

‎မြို့သစ်       မတ်      ၉

‎‎မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူအောင်နှင့် စီမံကိန်းတာဝန်ခံများသည် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ ညောင်ကုန်းကျေးရွာတွင်းလမ်းအရှည် ၄၆၀ ပေ လမ်းအကျယ် ၁၂ ပေ ထု ၆ လက်မ ကွန်းကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား ကွန်ကရစ်လမ်းရေရှည်အသုံးပြုနိုင် ရေးအတွက် ဝိုင်းဝန်းထိမ်းသိမ်းကြရန်မှာကြားပြီး လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းအား စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်စီမံကိန်းအတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ရရှိသော ငွေကျပ် ၁၅၂ သိန်း နှင့် ပြည်သူထည့်ဝင်ငွေကျပ် ၇၈ သိန်း၊ စုစုပေါင်းငွေကျပ် သိန်း ၂၃၀ ဖြင့် ယခုနှစ် ဇန်နဝါရီလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် ကျေးရွာသု/သားများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလျက်ရှိ ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အများပြည်သူသို့ အသိပေးကြေညာ

Ministry of Information / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

အများပြည်သူသို့ အသိပေးကြေညာ

Ministry of Information / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

Ministry of Information / Posted on March 07, 2026

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

Video