ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အမျိုးသမီးဝင်ငွေတိုးတက်စေရေးစီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / April 25, 2026
image_latest


ဘားအံ၊ ဧပြီ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသမီးများဝင်ငွေတိုးတက်စေရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဖအွံကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာ ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

ဦးစွာ ပြည်နယ်ဦးစီးမှူးက ယခုသင်တန်းသည် ရက်(၁၀၀)အတွင်း လုပ်ငန်းရှင်(၁၀၀) ပေါ်ပေါက်လာစေရေး စီမံချက်လုပ်ငန်းများမှ (၁)ခုအပါအဝင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဝင်ငွေတိုး စီမံကိန်းသည် ပုံမှန်သင်ကြားပေးသည့် သင်တန်းများနှင့်မတူဘဲ လုပ်ငန်းထူထောင်မည့်သူ(၅)ဦး ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်ရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ပြီး လုပ်ငန်းထူထောင်မည့်အခါတွင်လည်း အောင်မြင်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းကော်မတီဝင်တစ်ဦးမှ သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။

ယခုဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသူ(၁၀)ဦးအား အမျိုးသမီးအင်္ကျီချုပ်နည်းအမျိုးမျိုး၊ အမျိုးသားဝတ်အင်္ကျီချုပ်နည်းအမျိုးမျိုး၊ ချိတ်စကတ်ချုပ်နည်းနှင့် ကလေးဝတ်အင်္ကျီ၊ ဘောင်းဘီ ချုပ်နည်းတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဧပြီလ (၂၅) ရက်နေ့မှ မေလ (၂၅)ရက်နေ့ အထိ အခြေခံသင်တန်းကိုလည်းကောင်း၊ ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၁၅)ရက်နေ့ အထိ မွမ်းမံသင်တန်းကိုလည်းကောင်း စာတွေ့ ၃၀% လက်တွေ့၇၀% ဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများသုံးစွဲခွင့်ပေးသွားမည်ဖြစ်ပြီး ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Video