ရခိုင်တိုင်းရင်းသားများပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

ရခိုင်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးဘရှိန်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၂၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မဲဆန္ဒရှင် မိဘပြည်သူအားလုံး ... ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party- RNP)၏ ဥက္ကဋ္ဌဦးဘရှိန် ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများပါတီကို ရခိုင်အပါအဝင် တိုင်းရင်းသားမျိုးနွယ်စု(၇)စုနှင့် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ ၂၀၂၅-ခုနှစ်၊ ဧပြီလ(၇)ရက်နေ့မှာ ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပါတယ်။ ဩဂုတ်လ (၄) ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်နိုင်ငံရေးပါတီတစ်ခုအဖြစ် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ကပင် မျိုးချစ်ရဟန်းသံဃာတွေ အပါအဝင် မျိုးချစ်ရခိုင့်နိုင်ငံရေးသမားတွေက လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံရေးဖြစ်စဉ်မှာ အမြဲတစေ ပါဝင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ရခိုင့်နိုင်ငံရေးသမားတွေဟာ အစဉ်တစိုက်နိုင်ငံရေးနယ်ပယ်မှာ ဖြတ်သန်းနေကြပါတယ်။ လွတ်လပ် ရေး မရခင်ကာလကပင် ရခိုင်ဒေသကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ဖော်ဆောင်ပေးဖို့ ရခိုင့်မျိုးချစ်နိုင်ငံရေးသမားတွေက အမြဲကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။ သို့သော်လည်း ၁၉၄၇ - ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပေါ်ပေါက်လာတဲ့အခါ ရခိုင်ဒေသကို တိုင်းတစ်တိုင်းအဖြစ်သာ အသိအမှတ်ပြုခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပေါ်ပေါက်လာတဲ့အခါ ပြည်နယ်(၇)ခုနဲ့ တိုင်းဒေသကြီး (၇)ခုကို အဆင့်အတန်းတူသတ်မှတ်ပြီး တိုင်းနှင့်ပြည်နယ်အားလုံးမှာ ဥပဒေပြုခွင့်အာဏာ အသင့်အတင့်ရလာပါတယ်။ ရခိုင်ဒေသခံတိုင်းရင်းသားပြည်သူအားလုံး၏ လိုအပ်ချက်တွေကို ခေတ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ပေးနိုင်ဖို့အတွက် ရခိုင်ပြည်နယ်လွှတ်တော်၏ ဥပဒေပြုခွင့်နှင့် ရခိုင်ပြည်နယ် အစိုးရ၏စီမံခန့်ခွဲပိုင်ခွင့်တွေကို ပိုပြီးလုပ်ပိုင်ခွင့်ရလာအောင် ကျွန်တော် တို့ ဆက်လက်ကြိုးစားကြရပါမယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ထောင်ရာမှာလည်း အခြားတိုင်းရင်း သား လူမျိုးအားလုံးနှင့် ပူးပေါင်းပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်တဲ့ အခါ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေက မိမိတို့၏ အမျိုးသားရေးလက္ခဏာ(National Identity)ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပါဝင်ဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ရခိုင်တိုင်းရင်းသားများ ပါတီ(RNP) ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

လာမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသား များပါတီက ရခိုင်ပြည်နယ်အတွင်းကျင်းပမယ့် မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တင်သွင်းထားလို့ ရှိပါတယ်။

ကျွန်တော်တို့ရခိုင်တိုင်းရင်းသားများပါတီ (RNP)၏ အဓိက မျှော်မှန်းချက်တွေကတော့

(က)    တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာ စေရန်။

(ခ)     ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါတီတစ်ရပ်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေနှင့် ပူးပေါင်းပါဝင်ဖြေရှင်းသွားရန်။

(ဂ)     ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက် သွားရန်။

(ဃ)    ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရန်။

(င)     ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြား စေ့ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားပြန့်ပွားရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်။

(စ)     ဌာနေတိုင်းရင်းသားများအရေး၊ တိုင်းရင်းသားလူမျိုးစုများအရေး၊ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံခြားသားအခွင့်အရေးစသည့် အခွင့်အရေးတွေကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန် ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

နောက်ပြီးတော့ ရခိုင်ပြည်နယ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် လူမှုစီးပွားရေးစသည့် လုပ်ငန်းစဉ်တွေကို ခေတ်နှင့်လျော်ညီအောင် ပြုပြင်ဆောင်ရွက်သွားဖို့ ရည်မှန်းချက်တွေလည်း ချမှတ်ထားပါတယ်။

မိဘပြည်သူမဲဆန္ဒရှင်အပေါင်းတို့ ကျွန်တော်တို့ ပြည်သူတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင် ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေကြောင့် မိမိတို့ ဇာတိ ဒေသကိုစွန့်ခွာပြီး ဒေသအသီးသီးသို့ ရောက်သွားကြပါတယ်။

ယခု ရခိုင်ပြည်နယ်မှာ နိုင်ငံတကာစီမံကိန်းကြီး(၂)ခု ဖော်ဆောင်ဖို့ ရှိနေပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တွေမြို့ကို ဗဟိုပြုပြီး ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်နေသလို ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ကျောက်ဖြူမြို့ကို ဗဟိုပြုပြီးတော့ ရေနက်ဆိပ်ကမ်းအပါအဝင် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကြီးကို စတင်အကောင်အထည်ဖော်နေပါတယ်။ ဒီစီမံကိန်းကြီးတွေ အောင်မြင်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်း အများအပြားတိုးတက်ဖွံ့ဖြိုးလာပြီး အခြေအနေကောင်းတွေ ပေါ်ပေါက်လာပါမယ်။ အဲဒါကြောင့် ရခိုင်တိုင်းရင်းသားများပါတီ (RNP)အနေဖြင့် ဒေသစီမံကိန်းကြီးတွေ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အထူးမျှော်လင့် ထောက်ခံအားပေးပါတယ်။

မာန်အောင်ကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်လို့ တင်ပြလိုပါတယ်။

မာန်အောင်ကျွန်းရဲ့ ကျွန်းပတ်လည်မှာ လှပတဲ့ပင်လယ်ကမ်းခြေတွေ ရှိပါတယ်။ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံး ဒေသ ဖြစ်ပါတယ်။ အဓိကအချက်ကတော့ ဒေသကိုသွားလာနိုင်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ဒေသခံပြည်သူတွေ လျှပ်စစ်မီးအသုံးပြုနိုင်ရေးတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ဒေသခံပြည်သူနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက စိတ်ဝင်တစား ဖော်ဆောင် ဖို့လည်းလိုပါတယ်။

မာန်အောင်ကျွန်းမှာ ဆိုလာလျှပ်စစ်အားသုံး စက်ရုံအများအပြား တည်ဆောက်လို့ ရနိုင်ပါတယ်။ ခအုန်းမော်ဒေသမှာ တည်ဆောက်ထားတဲ့ ဆိုလာလျှပ်စစ်ဓာတ်အားသုံး စက်ရုံအဟောင်းကို စနစ်တကျရင်းနှီးမြှုပ်နှံပြီး ကျွမ်းကျင်မှုနည်းပညာတွေနှင့် ပေါင်းစပ်ပြီး ပြန်ပြင်လိုက်ရင် မာန်အောင်မြို့အတွက် အလျင်အမြန် ဆိုလာလျှပ်စစ်ဓာတ်အား ရနိုင်ပါတယ်။ မာန်အောင်လေယာဉ်ကွင်းကို အနည်းဆုံး ATR-72 လေယာဉ်အမျိုးအစားတွေ ဆင်းသက်နိုင်တဲ့ လေယာဉ်ကွင်းအဖြစ် တည်ဆောက်ဖို့လိုပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ရင် ခရီးသွားလုပ်ငန်း ကို အကြောင်းပြုပြီး အလုပ်အကိုင်အခွင့်အလမ်းအများအပြား ပေါ်ပေါက်လာမယ်။ ဒေသအသီး သီးသို့ လေကြောင်းနဲ့ အလျင်အမြန်ဆက်သွယ်ရေး ခရီးပေါက်သွားပါမယ်။ မာန်အောင်ကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ အထက်ဖော်ပြပါ လုပ်ငန်းတွေကို မလွဲမသွေ ကြိုးပမ်းအားထုတ်ရမယ်လို့ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများပါတီ(RNP)က အလေးအနက် ခံယူထားကြောင်းကိုလည်း ဖော်ပြလိုပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူ အပေါင်းတို့ ............

ကျွန်တော်တို့ ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စု၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်တွေမှာ ပြည်သူ့အသံကို အလေးထားဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

ရခိုင်ပြည်နယ် ပြည်သူလူထု၏အသံကို ကိုယ်စားပြုနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူအပေါင်းက ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများ ပါတီ(RNP)၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအများစုကို လွှတ်တော် အသီးသီးသို့ ရောက်သွားအောင် ဆန္ဒမဲပေးကြပါလို့ တောင်းဆိုလိုပါတယ် ............

ရခိုင်ပြည်သူအပေါင်းတို့......

ကျွန်တော်တို့ ရခိုင်ပြည်နယ်ဒေသတစ်ခုလုံးမှာ ယခုအခါမှာ လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြို့ကလူတောကိုရောက်၊ တောကလူမြို့ကိုရောက်၊ ပြည်မဒေသအများအပြား သို့လည်း အိုးအိမ်စွန့်ခွာရောက်သွားကြပါတယ်။ အဲဒီနေရာ အသီးသီး မှာ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရပါတယ်။ ရခိုင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲပဋိပက္ခတွေကို ဖြစ်နိုင်သမျှ နည်းလမ်းတွေ ကိုရှာပြီး ဖြေရှင်းရပါမယ်။ ဒီရွေးကောက်ပွဲကတစ်ဆင့် ပြည်သူတွေက တာဝန်ပေးရင် ကျွန်တော်တို့ပါတီက ဒီအခက်အခဲတွေ ပဋိပက္ခတွေကို အစွမ်းကုန်ကြိုးစားဖြေရှင်းမယ်လို့ အလေးအနက်ခံယူထားပါကြောင်းကိုလည်း တင်ပြလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ RNP ပါတီ၏ စည်းရုံးရေးသီချင်းကို နားထောင်ပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါရေ

ပါတီ၏သီချင်းစာသား

RNP

တေးရေး/တေးဆို မင်းထီး

မူပိုင် - RNP

၁။      RNP *** ရခိုင်အမျိုးသား *** အားမာန်ကို *** စုစည်းလို့ ** စွမ်းဆောင်ဖို့*** လိုနေလို့ ဖွဲ့စည်းခဲ့တဲ့ *** အားလုံးအတွက် *** ရခိုင်ပါတီ ...

၂။       အလျင်ခါက *** ဖြေရှင်းလို့ *** မရနိုင်ခဲ့ *** လူ့အသိုင်းအဝိုင်း *** ကြားမှာလည်း စံချိန်မမီ ***

          ကိုယ့်ရပ်ကိုယ့်ရွာကို *** ထားပစ်ခဲ့သူ *** ပြန်လာပါ .........

၃။      ပင်ကိုရိုးသားမှုနဲ့***ငါတို့ရဲ့ *အမျိုးဘာသာ ***တခြားအရာနဲ့*** နှိုင်းဆ ဖို့က** လုံးဝမဖြစ်နိုင် *** ပင်လယ်လေ ***သန့်ရှင်းမှုနဲ့ *** ကိုယ့်ရိုးရာ အစားအစာ***

          ဒီတစ်ခါ *** ရောက်လို့ရှိရင် *** မပြန်ပြီဟေ့ ..

၁။      *************** ပြန်ဆို

၄။      သာယာတဲ့ *** ဖွံ့ဖြိုးမှု *** ဖူးဝေလို့ *** ရောင်နီပျိုးစ *** ငါတို့* ရခိုင်ပြည်*** ပျော်စရာဝေ *** ကိုယ့်ရပ်ကိုယ့်ရွာမှာ * နေမှာပေါ့ *** Gateway to the world....

၂။       *************** ပြန်ဆို

၄။      *************** ပြန်ဆို

၃။      *************** ပြန်ဆို

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

Ministry of Ethnic Affairs / Posted on November 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

Myanmar National Human Rights Commission Statement No (14/ 2025)

Myanmar National Human Rights Commission / Posted on November 20, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023