ရခိုင်ပြည်နယ်စစ်တွေမြို့နယ်အတွင်း ၂၀၁၂ ခုနှစ်တွင် IDP Camp ၁၄ ခု ဖွင့်လှစ်ထားရှိပြီး နိုင်ငံတော်အစိုးရကနေထိုင်ရေး၊ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍအတွက် စီမံဆောင်ရွက်ပေးထားခဲ့မှုများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် ၂၀၂၅၊ မတ်လ ၁ ရက်နေ့က စစ်တွေမြို့နယ် ခေါင်းဒုက္ကာ IDP စခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပြည်နယ်အစိုးရက လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ခေါင်းဒုက္ကာ IDP စခန်းမှ ဦးကျော်သိန်းမောင်တို့၏ ပြောကြားချက်များ


Ministry of Information/ Naypyitaw / January 25, 2026
image_latest


ရခိုင်ပြည်နယ်စစ်တွေမြို့နယ်အတွင်း ၂၀၁၂ ခုနှစ် တွင် IDP Camp ၁၄ ခု ဖွင့်လှစ်ထားရှိပြီး နိုင်ငံတော်အစိုးရက နေထိုင်ရေး၊ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍအတွက် စီမံဆောင်ရွက်ပေးထားခဲ့မှုများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့က စစ်တွေမြို့နယ် ခေါင်းဒုက္ကာ IDP စခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပြည်နယ်အစိုးရက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ခေါင်းဒုက္ကာ IDP စခန်းမှ ဦးကျော်သိန်းမောင် (ခ) ဦးမာမောက် အာမီတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်-

ဦးလှသိန်း (ပြည်နယ်ဥပဒေချုပ်) ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ

ဘင်္ဂါလီ Camp တွေနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီနဲ့ ရခိုင်ပဋိပက္ခအတော်ကို အကြီးအကျယ်ဖြစ်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ စစ်တွေမြို့ရဲ့ အနောက်ဘက်မှာ ဘင်္ဂါလီ Camp တွေစပြီးတော့ တည်ဆောက်ပေးခဲ့ပါတယ်။

အစိုးရနဲ့ NGO တွေ​​ပေါင်းပြီးတော့ ဆောက်​ပေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ Camp အနေနဲ့ ၁၄ ခု၊ လူဦးရေတော်တော်များပါတယ်။ အဲဒီကာလတုန်းကလည်း ကျွန်တော်က ဥပဒေချုပ်ဖြစ်ပါတယ်။ အခုလည်း ဥပဒေချုပ်အဖြစ် ထပ်ပြီးတော့တာဝန်ပေးလို့ ဆောင်ရွက်တဲ့အတွက် ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရတာမို့ သိလည်းသိပါတယ်။ အဲဒီ Camp တွေနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတွေကို Camp အလိုက်အဖွဲ့တွေ ဖွဲ့ပြီးတော့ အဖွဲ့ခေါင်းဆောင်​တွေကို တာဝန်ပေးပြီးတော့ ဆောင်ရွက်ပါတယ်။

အဲဒီ Camp တွေနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးပိုင်းကိုပြောရရင် အဲဒီကာလကတည်းက အစကတော့ မိုဘိုင်းလှည့်လည်ပြီးတော့ လစဉ်ဆေးကုသမှုတွေပေးပါတယ်။ နောက်ပိုင်းတော့ ကျေးလက်ကျန်းမာရေးလုပ်ပေးတယ်။ ပြီးတော့ သက္ကယ်ပြင်​ကျေးရွာမှာ ကျွန်တော်တို့ ခုတင် ၆၀ ဆံ့ တိုက်နယ် ဆေးရုံတစ်ခုဆောက်ပေးခဲ့ပါတယ်။

ဆေးကုသမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီကာလက ပဋိပက္ခကာလဖြစ်တော့ ဘင်္ဂါလီ Camp တွေ၊ ဘင်္ဂါလီကျေးရွာတွေက လူတွေစစ်တွေ ဆေးရုံကြီးတက်ဖို့လိုအပ်ရင် ပြည်နယ်အစိုးရကပဲကြက်ခြေနီနဲ့ပေါင်းပြီးတော့ လူနာတွေကို စစ်တွေဆေးရုံကို ပို့ပြီးကုသပေးပါတယ်။

ပညာရေးပိုင်းမှာဆိုရင် အဲဒီနားမှာ ရွာတွေလည်းအများကြီးရှိပါတယ်။ Camp တွေလည်းရှိတော့ အ​ခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းစုစုပေါင်းကျောင်း ၂၂ ကျောင်းလောက်ရှိပါတယ်။ အမြင့်ဆုံးအနေနဲ့ကတော့ သက္ကယ်ပြင်အထက်တန်းကျောင်းဖြစ်ပါတယ်။ မူလတန်းအောင်ရင် အဲဒီမှာမူလတန်းလွန်ကျောင်းတွေရှိပါတယ်၊ အလယ်တန်း ကျောင်းရှိပါတယ်၊ အဲဒီကနေတစ်ဆင့် သက္ကယ်ပြင်ကျောင်းပါ။ အရင်နှစ်ကတော့ အဲဒီသက္ကယ်ပြင် ကျောင်းက ဂုဏ်ထူးသုံးဘာသာ ထွက်တာရှိပါတယ်။ အဲဒီသက္ကယ်ပြင်ကျောင်းက အောင်ပြီးတော့ စစ်တွေတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ဘင်္ဂါလီတွေရှိပါ တယ်။ အဲဒါကြောင့် ပညာရေးအားဖြင့်မဆိုးပါဘူး။ စားနပ်ရိက္ခာအပိုင်းကတော့ NGO ရယ်၊ အထူးသဖြင့် WFP က အခြေခံပြီးတော့ ပေးပါတယ်။ ပြည်နယ်အစိုးရကလည်း ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်ပေးတာတွေရှိပါတယ်။ နောက် UNHCR ကလည်း ပံ့ပိုးပေးကြပါတယ်။ အဓိကအားဖြင့်တော့ သောက်သုံးရေကို သန့်ရှင်းတဲ့ရေရဖို့နဲ့ နောက်တစ်ခါနေထိုင်ရေးပါ။ အဆောက်အအုံတွေ ကောင်းဖို့အတွက်လုပ်ပါတယ်။ ကြားကာလတွေမှာ မီးပေါ့ဆမှုတွေကြောင့် မီးလောင်ခဲ့တာတွေလည်း ရှိပါတယ်။ ပြန်ဆောက်ရပါတယ်။

လတ်တလောအနေနဲ့ ဟိုတလောတုန်းက ကျွန်တော်တို့သွားတဲ့ ဆေးသမားကြီးရွာမှာ တစ်တွဲ ကို ၁၈ အိမ်ပါတဲ့ အဆောင် ၁၀ ဆောင် မိသားစု ၁၈၀ အဆောင်တွေ မီးလောင်လို့ ကျွန်တော်တို့ ယာယီနေရာချထား​ပေးပါတယ်။ အခုတော့ အသစ် ပြန်ဆောက်နေတယ်။ ဒီလကုန်ရင်တော့ ကျွန်တော်တို့ အကုန်လုံးပြန်ပြီး နေရာချထားပြီးဖြစ်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီဆေးကုသတဲ့ အပိုင်း၊ အခုကာလမှာ ဂိတ်တွေဘာတွေနဲ့တားတယ်ဆိုတာ မရှိတော့ဘူး။ စစ်တွေဆေးရုံမှာ လက်တွေ့အားဖြင့်အများကြီးပါပဲ။ တစ်လောကပဲ ကျွန်တော်တို့ စစ်တွေဆေးရုံကို ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရောက်လာပြီး လူနာ တွေကို ထောက်ပံ့ခဲ့တာတွေတောင်ရှိပါတယ်။ ဘင်္ဂါလီတွေ ဆေးရုံမှာ အများကြီးတွေ့ရမှာဖြစ်ပါတယ်။ အင်ပါလာဆိုတာက မြန်မာနာမည် အောင်မင်္ဂလာပါ။ ၂၀၁၂ ခုနှစ်မှာ ပဋိပက္ခတွေရှိတယ်။ ၂၀၁၃၊ ၂၀၁၄ တွေမှာ ပဋိပက္ခတွေအပေါ်မူတည်ပြီးတော့ ဒီရွာကို တပ်မတော်နဲ့ရဲနဲ့ ဂိတ်တွေတားပြီးတော့အဝင် အထွက်တွေကို စိစစ်ပေးခဲ့ပါတယ်။ အဓိကတော့ ရခိုင်ရပ်ကွက်တွေကြားထဲမှာ ဘင်္ဂါလီရပ်ကွက် တစ်ခုတည်းရှိတဲ့အတွက် သူတို့ကို ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက ဂိတ်တွေဖျက်လိုက်ပြီလို့ သိရပါတယ်။ အဲဒီတုန်းက ဝန်ကြီးချုပ်က ဦးမောင်မောင်အုန်းပါ။ ဦးမောင်မောင်အုန်းက ဝန်ကြီးချုပ်လုပ်တဲ့အခါကာလတုန်းက အမေရိကန် သူဌေးဂျော့ဆိုးရော့တို့ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့လည်းရှိပါတယ်။ အဲဒီကာလတွေတုန်းကတော့ ဂိတ်တွေနဲ့ တားထားခဲ့တာ ရှိပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၄ နောက်ပိုင်းမှာတော့မရှိတော့ပါဘူး။ အခု အဲဒီရွာမှာကတော့ ရခိုင်တွေလည်းဝင်ထွက်သွားလာတယ်။ ဘင်္ဂါလီတွေလည်း လွတ်လွတ်ကျွတ်ကျွတ်သွားလာနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။
ခြုံပြီးပြောရရင်တော့ ကျွန်တော်တို့ ဒီမှာဘင်္ဂါလီနဲ့ ရခိုင်ဆိုတာကတော့ သမိုင်းစဉ်တစ်လျှောက်အတူနေခဲ့တယ်။ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ကာလတွေမှာလည်း လူမှုရေးပြဿနာတွေဆိုတာရှိခဲ့ပါတယ်။ ဖြစ်တုန်းကတော့ပြဿနာရှိတာပေါ့။ သို့သော်လည်း တစ်ချိန်ကျရင်တော့ ပြေပျောက်သွားကြတာပါပဲ။ အခုတော့ နှစ်ဖက်အဖွဲ့အစည်းတွေ အေးအေးဆေးဆေးရှိပါတယ်။ ဘင်္ဂါလီတွေရဲ့ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ လူမှုစီးပွားဘဝတွေလည်း ကောင်းပါတယ်။ သူတို့ သဲချောင်းတို့၊ တပိုင်တို့ဘက် မှာလည်း ဆိုင်အကြီးကြီးတွေဖွင့်ပြီးတော့ စီးပွားရှာနေကြတာလည်းတွေ့ရမှာဖြစ်ပါတယ်။

ဦးကျော်သိန်းမောင် (ခေါ်) ဦးမာမောက်အာမီ ခေါင်းဒုက္ကာ IDP စခန်း၊ စစ်တွေမြို့နယ်

ဒီစခန်းက ၂၀၁၂ ခုနှစ်မှာ တည်​ဆောက်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ အစိုးရအဖွဲ့နဲ့ NGO နဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ကိုဆောက်ပေးတယ်။ ၂၀၂၅ ခုနှစ် ၃ လပိုင်း ၁ ရက်နေ့မှာ ပြန်ပြီးတော့ မီးလောင်သွားတယ်။ မီးလောင်သွားတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကျွန်တော်တို့ကို တော်တော်လေးကူညီခဲ့ပါတယ်။ ငွေ​ရော ရိက္ခာပါပေးပါတယ်။ ထမင်းလည်း ချက်ကျွေးပါတယ်။

ကျွန်တော်က စခန်းတာဝန်ခံပါ။ ကော်မတီအဖွဲ့ ၁၅ ယောက်ထဲမှာ ကျွန်တော်အကြီးဆုံးပါ။ ရခိုင်ပြည်နယ်အစိုးရဘက်က တော်တော်လေးကူညီခဲ့ပါတယ်။ ကျွန်တော်တို့ မီးလောင်ပြီးနောက် နံနက်ပိုင်းမှာ သူတို့မီးသတ်ကားနဲ့လာငြှိမ်းသတ်ပေးပါတယ်။ ညနေ ၄ နာရီအထိ သူတို့လာပြီးတော့ မီးငြှိမ်းပေးတယ်၊ ရေပေးတယ်၊ ထမင်းလည်းချက်ကျွေးတယ်။

ကျွန်တော်တို့ကို ထမင်းနှစ်ရက်၊ သုံးရက်ချက်ကျွေး ပြီးတော့ အိမ်တိုင်းအိမ်တိုင်း ချက်စားလို့ရအောင် ဆန်ရော၊ ငွေပါ တော်တော်လေးကူညီပေးပါတယ်။ စခန်းမှာ အဆောင်ငါးဆယ်ရှိ၊ အခန်းလေးရာရှိပါ တယ်။ ကျွန်တော့်မှာ ကလေး ၇ ယောက်ရှိ ပါတယ်။ သုံးယောက်က မိန်းမရသွားပြီ၊ သမီးတစ်ယောက်၊ ယောက်ျားလေးနှစ်ယောက် အိမ်ထောင်ကျသွားပြီ။ နောက်လေးယောက်ကတော့ အိမ်ထောင်မကျသေး ဘူး။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရကို ဂုဏ်ယူပါတယ်။ ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်ပြီးတော့ ကျွန်တော်တို့ကို ကူညီစောင့်ရှောက်ပေးပါတယ်။
ကျွန်တော်တို့ မီးလောင်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြန်လည်ဆောက်ပေးတဲ့အချိန်မှာ သိန်းပေါင်းနှစ်သောင်းကျော် ကုန်ကျတယ်လို့ကြားပါတယ်။ မီးလောင်ပြီးတော့ ကျွန်တော်တို့ကို ရွက်ဖျင်တဲတွေနဲ့နေရာချပေးတယ်။ အစိုးရအဖွဲ့က စီစဉ်ပြီးသူတို့ဘတ်ဂျက်ငွေနဲ့ ကျွန်တော်တို့ကို ပြန်ဆောက်ပေးပါတယ်။ ပြန်ဆောက်ပေးပြီးတော့ ကျွန်တော်တို့ က အခု ဒီအဆောင်သစ်မှာ နေလို့ရပါပြီ။ အားလုံးကို ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရက ကူညီပေးတာ ပါ။ NGO လည်း ပူးပေါင်းပါဝင်ပါတယ်။

သတင်းအဖွဲ့

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on March 04, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on March 03, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Ministry of Electric Power / Posted on March 03, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Video