ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၏ (၁၈) ကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်


Ministry of Information/ Naypyitaw / April 19, 2026
image_latest


နေပြည်တော် ဧပြီ ၁၉

ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၏ (၁၈) ကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ပြုလုပ်ရာအခမ်းအနားသို့ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာဝဏ္ဏသီရိ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ ရဟန်းလောင်းများနှင့် ရှင်သာမဏေများအား သီရိမင်္ဂလာကမ္ဘာအေးစေတီတော်အတွင်း ရှင်လောင်းလှည့်လည်ကြပြီး တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ရဟန်းလောင်း ၃၉ ပါးနှင့် ရှင်သာမဏေလောင်း ၃၃ ပါးတို့ကို ဆံချမင်္ဂလာပြုလုပ်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စမ်းချောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာဝဏ္ဏသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား သင်္ကန်းဆီးပေးကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးကြသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် စမ်းချောင်းကျောင်းတိုက်တွင် ဒုလ္လဘရဟန်းလောင်း ၃၉ ပါးတို့အား ရဟန်းခံခြင်းဆိုင်ရာဆောင်ရွက်ဖွယ်ရာ သံဃာ့ကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွတ်ဖတ်ကာ ဥပသမ္ပဒကံဆောင်မြင့်မြတ်သော ရဟန်းဘောင်အဖြစ်သို့သွတ်သွင်းခြင်းတို့ကို ဆောင်ရွက်တော်မူကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာတော်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား သိမ်ဆင်းဆက်ကပ်လောင်းလှူကြသည်။

ထို့နောက် အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနားကို တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ဆက်လက်ပြုလုပ်ရာ စမ်းချောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာဝဏ္ဏသီရိ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် စေတနာရှင်အလှူရှင်များ စမ်းချောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဝဏ္ဏသီရိထံမှ ရှစ်ပါးသီလခံယူဆောက်တည်၍ သံဃာတော်များရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူပြီးသံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် စမ်းချောင်းကျောင်းတိုက်ဆရာတော်က သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးဖြစ်သော ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား သမ္မောဒနိယ ဩဝါဒကထာ မြွက်ကြားသည်။ ယင်းနောက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမူအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video