ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းလျှောက်နေသော အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / October 15, 2025


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဘေးတွင် လမ်းလျှောက်နေသော အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ၊ တွံတေး-ဒလ ကားလမ်းမပေါ်၌  ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တွံတေး-ဒလ ကားလမ်းအတိုင်း အရှေ့မှအနောက်သို့ ဒလမြို့နယ်၊ တုံးတင်ဂံ(မြောက်)ကျေးရွာနေ မျိုးမင်းသူ(၄၈)နှစ် မောင်းနှင်လာသော YGN-18 RLG/XXXX NISSAN X-TRAIL ယာဉ်သည် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာအနီး မိုင်တိုင်အမှတ် ၄ မိုင် ၇ ဖာလုံ နှင့် ၅ မိုင် ၀ ဖာလုံ ကြားအရောက်၌ ကားလမ်း၏ ယာဘက်ဘေးတွင် လမ်းလျှောက် နေသော အဆိုပါကျေးရွာနေ ဦးသိန်းနိုင်(၅၈)နှစ်နှင့် ဒေါ်စန်းစန်းဝင်း (၆၂)နှစ်တို့ နှစ်ဦးအား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် မျိုးမင်းသူအား တွံတေးမြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on October 15, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း

Myanmar National Human Rights Commission Statement No (13/ 2025)

Myanmar National Human Rights Commission / Posted on October 15, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023