ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ ကားအင်ဂျင်ဆိုင် အဆောက်အအုံ မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ ကားအင်ဂျင်ဆိုင် အဆောက်အအုံ မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / December 16, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ ပိုင်ရှင် ဦးတင်ငွေ၏ ၁၀ x ၆၀ ပေ၊ သွပ် မိုး၊ အုတ်ညှပ်၊ Steel Structure နှစ်ထပ် ကားအင်ဂျင်ဆိုင် အဆောက်အအုံအောက်ထပ်တွင် ရေခဲသေတ္တာ Safeguard အပူလွန်ကဲပြီး မီးပွားထွက်ရာမှ သတင်းစာစက္ကူများအား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၈ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၇ မိနစ်တွင် မီးငြိမ်း ခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၆၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ Steel Structure နှစ်ထပ် ကားအင်ဂျင်ဆိုင် အဆောက်အအုံအပေါ်ထပ် ၁၀ x ၂၀ ပေ၊ ကားရေတိုင်ကီအဟာင်းများ၊ ကားအင်ဂျင် အဟောင်းများ၊ အင်ဂျင်ဝိုင်အဟောင်းများ၊ ရေခဲသေတ္တာ တစ်လုံး၊ Air Cooler တစ်လုံး၊ ဟီးနိုးကားခေါင်း အဟောင်း လေးလုံး၊ ကားဘန်ဘာအဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ညစောင့် ကျော်မင်းသန်း အား ဘုရင့်နောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Ministry of Cooperatives and Rural Development / Posted on December 15, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၅/၁၆-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 16, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု(၁၄-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 15, 2025
