ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / January 01, 2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း မှော်ဘီမှ ထောက်ကြန့်သို့ အောင်ကိုကိုထက်(၃၄)နှစ် မောင်းနှင်လာသော YGN-19၊ GG/XXXX TOYOTA SUCCED ယာဉ်သည် မိုင်တိုင်အမှတ် ၂၄ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံကြားအရောက်၌ လမ်းဝဲဘက်ရှိ မင်္ဂလာလမ်းသွယ်အတွင်းသို့ ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ဘက်မှ သီဟန်မင်း မောင်းနှင်လာသည့် YGN-41၊ 4H/XXXX CIVIL LAIV(YBS-91) ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် အောင်ကိုကိုထက်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး၊ YBS-91 ခရီးသည်တင်ယာဉ်ပေါ်ပါ မှော်ဘီမြို့နယ်၊ တိုးချဲ့(၂)ရပ်ကွက်နေ ဒေါ်နီနီချစ်(၆၃)နှစ်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အောင်ကိုကိုထက် အား မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ)၃၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အ ရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Ministry of Information / Posted on January 01, 2026

သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on December 31, 2025