ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၌ အထည်ဆိုင် မီးလောင်မှု 


Ministry of Home Affairs/ နေပြည်တော် / January 20, 2026


    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း၌ တိုက်အမှတ်(C-3)၊ အခန်း အမှတ်(၀၀၁) တိုက်ခန်းပိုင်ရှင် ဦးမျိုးခိုင်၏ ၂၅ x ၅၀ ပေ၊ RCC နှစ်ခန်းတွဲ၊ ငါးထပ်တိုက်၊ မြေညီထပ် (ဝဲဘက်)ရှိ Galactico အထည်ဆိုင်ရှိ ကတ်ထူစက္ကူအဟောင်းပေါ်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်ရာမှတစ်ဆင့် ကတ်ထူစက္ကူသို့ မီးကူးစက်ပြီး အထည်အလိပ်များသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၅၄ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

    အဆိုပါမီးလောင်မှုကြောင့် တိုက်အမှတ်(C-3)၊ နှစ်ခန်းတွဲ၊ ငါးထပ်တိုက်၏ အခန်းအမှတ်(၀၀၁) မြေညီထပ်(ဝဲဘက်) ၂၅ x ၅၀ ပေ ဆိုင်ခန်း တစ်ခန်း၊ တိုက်အမှတ်(B-2)၊ တစ်ခန်းတွဲ လေးထပ်၏မြေညီထပ် ၂၅ x ၅၀ ပေ ဆိုင်ခန်း တစ်ခန်း၊ ၆၀ ကိုက်ပါ အထည်လိပ် ၄၀ လိပ်၊ အဝတ်အထည် ၅၅၀ ထည်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဖုန်းပိုင်ရှင် ကောင်းခန့်ပိုင် အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Ministry of Information / Posted on January 21, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

Ministry of Information / Posted on January 21, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

သဘောထားထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on January 21, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ ဇန်နဝါရီလ (၂၉) ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) သို့...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023