ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ အမှတ်(၃)လမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ “ကုဋေကြွယ်” လက်ဖက်ရည်ဆိုင် မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ အမှတ်(၃)လမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ “ကုဋေကြွယ်” လက်ဖက်ရည်ဆိုင် မီးလောင်မှု
Ministry of Home Affairs/ Naypyitaw / August 03, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ အမှတ်(၃)လမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ပိုင်ရှင် ဦးဇော်ကိုဦး၏ “ကုဋေကြွယ်” လက်ဖက်ရည်ဆိုင် ၅၀ x ၄၀ ပေ၊ Steel Structure နှစ်ထပ် အဆောက်အအုံတွင် မီးဖိုသုံး 50 KG ဂက်စ်အိုး ပိုက်ပြုတ်ထွက်ရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်း အမျိုးသား ခုနစ်ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး၊ ၅၀ x ၄၀ ပေ၊ Steel Structure နှစ်ထပ် အဆောက်အအုံ၏ မျက်နှာကြက်နှင့် ဘေးနံရံအကာ ကြိတ်သား အနည်းငယ်၊ မီးဖိုသုံးပစ္စည်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဇော်ကိုဦး အား ထောက်ကြန့်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။
Announcement
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၉/၂၀၂၅)
Myanmar National Human Rights Commission / Posted on August 01, 2025
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on August 02, 2025
နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on August 02, 2025
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -